ဝေဖန်သူများ ပါးစပ်ပိတ်အောင် ကြိုးစားရမည်ဟု ကော်စတာ ဆို

ဝေဖန်သူများ ပါးစပ်ပိတ်အောင် ကြိုးစားရမည်ဟု ကော်စတာ ဆို
Published 17 June 2018

 

 

 

Photo: AFP

 

စပိန်အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာက ၎င်းအနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝေဖန်သူများ ပါးစပ်ပိတ်သွားအောင် ကြိုးစားရမည်ဟု ပြောဆိုခဲ့သည်။

ပေါ်တူဂီ (၃ -၃) စပိန်ပွဲတွင် စပိန်အသင်းအတွက် (၂)ဂိုး အထိ သွင်းယူပေးခဲ့သည့် ဒီယေဂိုကော်စတာက" ဝေဖန်သူတွေ ပါးစပ်ပိတ်သွားအောင် ကျွန်တော် ကြိုးစားရပါမယ်။ အသင်းကြီးတိုင်း မှာ ကစားသမားတွေကြား ပြဿနာတွေ ရှိနေ တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့(စပိန်အသင်း)က မိသားစုလိုပါ ပဲ" ဟု ပြောကြားခဲ့သည်။ ပေါ်တူဂီနှင့်ပွဲ၌ အ နိုင်ရခဲ့သင့်သည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent