■ ယနေ့ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 17 June 2018

 

Photos: AFP

■ ကော်စတာရီကာ နှင့် ဆားဘီးယား (၁၇-၆-၂၀၁၈ ညနေ ၆ း ၃၀)

ကော်စတာရီကာက ဒီတစ်ကြိမ်တော့ ဘာမှလုပ်ပြနိုင်မယ် မထင်ဘူး။ လက်ရှိ လူစာရင်းက လူအိုတွေများလာပြီး လူငယ်တွေကလည်း အားရစရာမရှိဘူး။ ဆားဘီးယားက ဟန်ချက်ညီတည်ဆောက်ထားတဲ့ အသင်းဖြစ်ပြီး အားရစရာကောင်းတယ်။ ဆားဘီးယား သေချာပေါက်နိုင်မယ်။

■ ဂျာမနီ နှင့် မက္ကဆီကို (၁၇-၆-၂၀၁၈ ည ၉ း ၃၀)

ဂျာမနီရဲ့ ရလဒ်တွေက စိတ်ပျက်စရာပဲ။ နောက်ဆုံးခြေစမ်းပွဲတွေမှာ ပြင်သစ်၊ ဘရာဇီးလ်၊ သြစတြီးယားနဲ့ စပိန်တို့ကိုမနိုင်ခဲ့ဘူး။ ဆော်ဒီကိုတောင် အသည်းအသန်ကစားခဲ့ရတယ်။ ပြိုင်ပွဲကာလမှာ ခြားနားသွားနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ အမြင့်ဆုံးအခြေအနေမှာမရှိဘူး။ မက္ကဆီကိုရဲ့ ခံကန်အားကြောင့် အသည်းအသန်ကစားရလိမ့်မယ်။

■ ဘရာဇီးလ် နှင့် ဆွစ်ဇာလန် (၁၈-၆-၂၀၁၈ နံနက် ၀၀ း ၃၀)

ဘရာဇီးလ်ရဲ့ တိုက်စစ်ကို အားလုံးက ချီးကျူးနေကြချိန်မှာ လူတွေမေ့နေတာက ဘရာဇီးလ်ရဲ့ ခံစစ်ပိုင်းပါ။ ထိထီရဲ့အသင်းက အကောင်းဆုံး ခံစစ်မှတ်တမ်းကို ခြေစမ်းပွဲတွေမှာ တောက်လျှောက်ပြသခဲ့တယ်။ သူတို့ရဲ့ ယုံကြည်မှုက အမြင့်ဆုံးအခြေအနေမှာ ရှိပြီး၊ ဂိုး၊ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရတယ်။ ဆွစ်ဇာလန်အသင်းက ဥရောပအသင်းတွေထဲမှာ အထင်ကြီးလို့ရတဲ့ အသင်းကောင်းတစ်သင်းပါ။ တစ်ဦးချင်းအနေနဲ့ ရွေးထုတ်ပြစရာ ကမ္ဘာကျော်ကစားသမား ရှားပါးပေမယ့် စုစည်းမှုကောင်းပြီး၊ စိတ်ဓာတ်ပြင်းထန်တဲ့အသင်းမျိုးပါ။ ဒီပွဲမှာလည်း ဆွစ်ဇာလန်က ဘရာဇီးလ်ကို တိုက်စစ်ချင်းယှဉ်မှာမဟုတ်ဘူး။ ကွင်းလယ်ယှဉ်ကစားမှာမဟုတ်ဘူး။ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ကစားလိမ့်မယ်။ ပြဿနာက ဆွစ်ဇာလန်ရဲ့ တိုက်စစ်က ဘရာဇီးလ်ခံစစ်ကို ထိုးဖောက်နိုင်တဲ့အပိုင်းမှာ ပြဿနာရှိတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားတွေရဲ့ လိုက်အား၊ ဖျက်အားနဲ့ ဘောလုံးဖြန့်ဝေမှုက စိတ်ချရတဲ့အဆင့်မှာရှိပြီး ဆွစ်ဇာလန်ကို တစ်ချိန်လုံးထိုးနှက်နေဖို့များပါတယ်။ ဒီပွဲက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ တုန်းက အဆုံးသတ်မလှခဲ့တဲ့ ဘရာဇီးလ် အဖွင့်ပြန်လှမယ့် ပွဲဖြစ်တယ်။ ဘရာဇီးလ်ဂိုးပြတ်နိုင်မယ်။ (၂-ဝ၊ ၃-ဝ)လောက်အထိ ဖြစ်သွားနိုင်တယ်။

 

Most Read

Most Recent