ရုရှားအသင်းအား အရှက်တကွဲ ရှုံးနိမ့်မှုကြောင့် ဆော်ဒီကစားသမား သုံးဦး အပြစ်ပေးခံရမည်

ရုရှားအသင်းအား အရှက်တကွဲ ရှုံးနိမ့်မှုကြောင့် ဆော်ဒီကစားသမား သုံးဦး အပြစ်ပေးခံရမည်
Published 16 June 2018

Photo: AFP

ဆော်ဒီအာရေဗျအသင်းကစားသမား သုံးဦးသည် ရုရှားအသင်းအား အရှက်တကွဲ ရှုံးနိမ့်သည့်ပွဲ၌ စွမ်းဆောင်ညံ့ဖျင်းမှုအတွက် အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အစ်ဇက်က ပြောကြားသည်။

ဆော်ဒီအာရေဗျအသင်းသည် အိမ်ရှင်ရုရှားအသင်းအား အဘက်ဘက်မှ ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ယင်းရလဒ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း၌ အဆိုးရွားဆုံးပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့ဖြစ်ရာ အစ်ဇက်က “ရှုံးနိမ့်မှုအတွက် အရမ်းစိတ်ပျက်မိပါတယ်။ ဒီရလဒ်က လုံးဝကျေနပ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေမျိုး မဟုတ်လို့ပါ။ ကစားသမားအများစုကတော့ အပြစ်ပေးခံရမှာပါ။ ဂိုးသမား အဗ္ဗဒူလာအယ်လ်မာယွတ်၊ တိုက်စစ်မှူး မိုဟာမက် အယ်လ်ဆာလာဝီနဲ့ နောက်ခံလူ အိုမာဟူဆာဝီတို့ ပါပါတယ်”  ဟု Al-Youm Assabaa သတင်းစာသို့ ပြောကြားသည်။ ၎င်းက အပြစ်ပေးမည်ဟု ပြောကြားသော်လည်း မည်သည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း အသေးစိတ်ပြောကြားခြင်းမရှိပေ။

ထို့ပြင် ဆော်ဒီ အားကစားအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ အယ်လ်ရှိတ်ကလည်း Twitter တွင် ဗီဒီယိုဖိုင်တင်၍ ဝေဖန်ပြောကြားသည်။

Most Read

Most Recent