ချန်ပီယံလိဂ် Play-Off (ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် Play-Off (ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 23 August 2017

Photo:Wikipedia

အက်စ်တာနာ - ဆဲလ်တစ် (၂၂-၈-၂၀၁၇ ည ၁၀း၀၀နာရီ)

ကာဇက်စတန်ကလပ်က ပထမအကျော့ဆဲလ်တစ်မြေမှာ (၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ ဒီရလဒ်ကို ပြန်ကျော်နိုင်ဖို့မလွယ်တော့ ဘူး။ ဆဲလ်တစ်လည်း ပွဲပန်း၊ ခရီးပန်းဒဏ်ကို ပြန်ခံစားရလိမ့် မယ်။ အက်စ်တာနာရလဒ်ကောင်းနိုင်တယ်။

 

ရီယဲလ်ကာ - အိုလံပီယာကော့စ် (၂၃-၈-၂၀၁၇ နံနက် ၁း၁၅နာရီ)

ရီယဲလ်ကာက ပထမအကျော့တုန်းက အိုလံပီယာကော့စ် ကိုဒုက္ခပေးနိုင်ခဲ့တယ်။ တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး နာ ကျင်အချိန်ပိုဂိုးနဲ့ ရှုံးခဲ့တာပါ။ ဒါပေမဲ့ အတွေ့အကြုံရင့် အိုလံပီ ယာကော့စ်သရေထိန်းကစားလိမ့်မယ်။

 

မာရီဘော - ဟာပိုးဘီအာရှီဗာ (၂၃-၈-၂၀၁၇ နံနက် ၁း၁၅နာရီ)

အစ္စရေးမြေမှာ မာရီဘောက အဖွင့်ဂိုးရခဲ့ပေမယ့် ဟာပိုး အသင်းက တစ်ပွဲလုံးအသာစီးကကစားပြီး (၂-၁)ဂိုးနဲ့နိုင်ခဲ့ တယ်။ အိမ်ကွင်းမှာ မာရီဘော နိုင်ပွဲပြန်ရှာမှာဖြစ်ပြီး မာရီ ဘောကိုပဲ ကြိုက်တယ်။

 

ဆီဗီလာ - ဘာရှက်ဆီဟီ (၂၃-၈-၂၀၁၇ နံနက် ၁း၁၅နာရီ)

ဘာရှက်ဆီဟီအသင်းက ဆီဗီလာကွင်းမှာ (၂)ဂိုးပြတ်ရှုံး နေရာက တစ်ဂိုးပြန်သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ခြေကကွာတယ်။ (၃၊ ၄) ဂိုးပြတ်သွားနိုင်တဲ့အနေအထားမျိုးဖြစ်ခဲ့ပြီး ဒီပွဲလည်း ဆီဗီလာကိုပဲ ကြိုက်တယ်။

 

နိုက်စ် - နာပိုလီ (၂၃-၈-၂၀၁၇ နံနက် ၁း၁၅နာရီ)

နာပိုလီက ပထမအကျော့မှာ နိုက်စ်ကို သက်သောင့်သက် သာနဲ့ အေးအေးဆေးဆေးကစားသွားတာကို တွေ့ရတယ်။ ကယ်လီဟွန် အဖြုန်းများသွားလို့ (၂-ဝ)ပဲဖြစ်ခဲ့တာ။ အခုလည်း ပြင်သစ်မြေဆို ပေမယ့် နာပိုလီကိုပဲ ကြိုက်တယ်။

Most Read

Most Recent