w နည်းပြသစ် လိုပယ်တယ်ဟီကို ဘာနေဗျူးကွင်းတွင် ရီးယဲလ်အသင်း မိတ်ဆက်ပွဲပြုလုပ် - Eleven Media Group <

နည်းပြသစ် လိုပယ်တယ်ဟီကို ဘာနေဗျူးကွင်းတွင် ရီးယဲလ်အသင်း မိတ်ဆက်ပွဲပြုလုပ်

Photo: AFP

ရီးယဲလ်အသင်းသည် စပိန်လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံခဲ့ရသော နည်းပြ လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ဘာနေဗျူးကွင်းတွင် ယနေ့ မိတ်ဆက်ပွဲပြုလုပ်ကာ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မိတ်ဆက်ပွဲမြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့ခြင်းမှာ စပိန်ဘောလုံးအဖွဲ့ချုပ်၏လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း စပိန်မီဒီယာအချို့က သုံးသပ်ခဲ့ကြသည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် လိုပယ်တယ်ဟီက စပိန်လက်ရွေးစင်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ မေးခွန်းများစွာကို ဖြေဆိုလိုခြင်းမရှိကြောင်း ဆိုခဲ့သည်။

ထို့နောက် ”မနေ့က ကျွန်ေတာ့်ရဲ့ဘ၀မှာ အမေ ကွယ်လွန်ပြီးနောက်ပိုင်း ၀မ်းနည်းစရာအကောင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ကတော့ ကျွန်တော့်ဘ၀မှာ ပျော်စရာအကောင်းဆုံးနေ့ပါပဲ” ဟုပြောကြားခဲ့သည်။

လိုပယ်တယ်ဟီက သောကြာနေ့တွင် ရီးယဲလ်နည်းပြတာဝန်များကို စတင်ဆောင်ရွက်တော့မည်ဟုလည်း ပြောကြားခဲ့ပြီး သတင်းထောက်တစ်ဦးက ပေါ်တူဂီ-စပိန်ပွဲကို ကြည့်ရှုမည်လားဟု မေးမြန်းမှုကို မိမိသည် အခြားသောစပိန်လူမျိုးများနည်းတူ စပိန်လက်ရွေးစင်အသင်းကို အားပေးသွားမည်ဖြစ်ကြောင်းနှင့် စပိန်အသင်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ခံစားနေရဆဲဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

June 15, 2018














Copy Protected by Chetan's WP-Copyprotect.