ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ရရှိ

ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ရရှိ
Published 23 August 2017

ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း ယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - ညီညီစိုးညွန့်)

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ရှုံးနိမ့်ကာ ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်းသိရသည်။ ယင်းဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ထိုင်းအ အသင်းကို နှစ်ပွဲပြတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲအသင်းလိုက်ပွဲစဉ်သည် မြန်မာအသင်း ရွှေဆုမှန်းထားသည့်ပြိုင်ပွဲတစ်ရပ်ဖြစ်သော်လည်း ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုငွေတံဆိပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာအားကစားအဖွဲ့အတွက် လေးခုမြောက်ငွေတံဆိပ်ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent