w ဒဏ်ရာ သက်သာလာသည့် ဆာလာ အသင်းဖော်များနှင့်အတူ ပထမဆုံးအကြိမ် စတင်လေ့ကျင့် - Eleven Media Group <

ဒဏ်ရာ သက်သာလာသည့် ဆာလာ အသင်းဖော်များနှင့်အတူ ပထမဆုံးအကြိမ် စတင်လေ့ကျင့်

Photo : AFP

ပခုံး ဒဏ်ရာသက်သာလာပြီဖြစ်သည့် အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် ဇွန် ၁၃ ရက် တွင် အသင်းဖော်များနှင့်အတူ ပထမဆုံးအကြိမ် စတင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဆာလာသည် မေ ၂၆ ရက်က လီဗာပူးလ်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပြိုင်ဘက်နောက်ခံလူ ရာမို့စ်နှင့် ထိခိုက်မိရာမှ ၀ဲဘက် ပခုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် ရုန်းကန်နေရသည်။

အီဂျစ်အသင်းသည် ဇွန် ၁၀ ရက်ကတည်းက ရုရှားနိုင်ငံသို့ ရောက်ရှိနေသော်လည်း ဆာလာအနေဖြင့် အစောပိုင်းရက်များတွင် အသင်းဖော်များနှင့်အတူ လေ့ကျင့်နိုင်ခြင်း မရှိဘဲ ဇွန် ၁၃ ရက်မှသာ သွေးပူ စတင်လေ့ကျင့်ခန်းပြုလုပ်နေကြောင်း ပြင်သစ် အခြေစိုက် AFP သတင်းဌာန၏ သတင်းထောက်က မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

အီဂျစ်အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ လာဟီတာကမူ “တိုးတက်မှုရှိလာပြီဖြစ်ပေမဲ့ ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ နေ့စဉ်နဲ့အမျှ စောင့်ကြည့်နေပါတယ်” ဟု ပြောကြားသည်။ အီဂျစ်အသင်းသည် ဇွန် ၁၅ ရက်တွင် ဥရုဂွေးအသင်း နှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.