<

အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ပါက၀ဲလ်ရှိုင်းယား လစာလျှော့ယူရမည်

 

Photo: Birmingham Live

အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ၀ဲလ်ရှိုင်းယားသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးပါက လက်ရှိရရှိနေသောလစာငွေကို လျှော့ယူရမည် ဖြစ်ကြောင်း သိရှိရသည်။

ဝဲလ်ရှိုင်းယား(၂၆ နှစ်)သည် ယခုနွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ရာ အသင်းတာဝန်ရှိသူများက ၎င်းအား စာချုပ်သက်တမ်းတိုးရန်အတွက် သူ၏အေးဂျင့်အဖွဲ့နှင့် ဆွေးနွေးနေသည်။

အကယ်၍ စာချုပ်သစ်ချုပ်ဆိုပါက ၀ဲလ်ရှိုင်းယားသည် လက်ရှိရရှိနေသော တစ်ပတ်လစာ ပေါင်(၁၂၀၀၀၀) ကို (၂၅)ရာခိုင်နှုန်းလျှော့ယူရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအား စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူ ရန်ပစ်မှတ်ထားနေသည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.