ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကွာတားဖိုင်နယ်တွင် ရန်ကုန်နှင့်မကွေးတို့ နောက်တဆင့်တက်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကွာတားဖိုင်နယ်တွင် ရန်ကုန်နှင့်မကွေးတို့ နောက်တဆင့်တက်
Published 14 June 2018

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကွာတားဖိုင်နယ်ပထမနေ့ပွဲစဉ်များကို ဇွန်လ(၁၃)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်နှင့် မကွေးတို့ အနိုင်ရပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

Photo - ကောင်းထက်အောင်

ရန်ကုန်ယူနိုက်တက်အသင်းသည် GFAအသင်းနှင့် သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ (၂-ဝ)ဂိုးဖြင့်အနိုင်ရပြီးနောက်တဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

Photo - ကောင်းထက်အောင်

အောင်ဆန်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သောဧရာဝတီယူနိုက်တက်နှင့် မကွေးအသင်းတို့၏ပွဲစဉ်တွင် ပွဲပြီးဆုံးချိန်အထိ (၂-၂)ဂိုးဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပိုတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသောကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ မကွေးအသင်းက (၁၂-၁၁)ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

Photo - ကောင်းထက်အောင်

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကွာတားဖိုင်နယ် ဒုတိယပွဲစဉ်များကို လာမည့် ဇွန်လ(၂၀)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

Most Read

Most Recent