ဒေါသထွက်နေလျှင် ပေါ့ဘာ ပိုကောင်းသည်ဟု ပီတစ် ပြောဆို

ဒေါသထွက်နေလျှင် ပေါ့ဘာ ပိုကောင်းသည်ဟု ပီတစ် ပြောဆို
Published 14 June 2018

 

Photo: AFP

အာဆင်နယ်နှင့် ပြင်သစ်အသင်း ကွင်းလယ်လူဟောင်း ပီတစ်က မန်ယူကွင်းလယ်လူပေါ့ဘာမှာ ဒေါသထွက်နေလျှင် ခြေစွမ်းပိုကောင်းတတ်သည်ဟု ပြောဆိုခဲ့သည်။

ခြေစမ်းပွဲအချို့တွင် ခြေစွမ်းမပြနိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ပေါ့ဘာကို ဒေါသထွက်နေအောင် လုပ်ရမည်ဟုလည်း ပြင်သစ်အသင်းကို ပီတစ်က တိုက်တွန်းသွားခဲ့သည်။

ပီတစ်က" ပေါ့ဘာဟာ လုပ်နိုင်စွမ်းရှိတာကို အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ပေါ့ဘာ အနေနဲ့ မန်စီးတီး (၂-၃) မန်ယူ ပွဲမှာ ပြသခဲ့ တဲ့ခြေစွမ်းမျိုး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ အဲဒီလို ခြေစွမ်းမျိုးကို ပြသနိုင်ဖို့အတွက် ပေါ့ဘာဟာ စိတ်ဆိုးဒေါသထွက်နေဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာ့ဖလားမှာ ပေါ့ဘာ ပွဲတိုင်းဒေါသထွက်နေပါစေလို့ ဆုတောင်းပါတယ်။ သူဒေါသထွက်နေပြီဆိုတာနဲ့ ပေါ့ဘာဟာ လူတွေမှားကြောင်း ကွင်းအတွင်း သက်သေပြတော့တာပါပဲ" ဟု ဆိုခဲ့သည်။

 

Most Read

Most Recent