<

ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဒေးဗစ်ဟေယီ လက်ဝှေ့လောကမှ အနားယူ

 

Photo: Sky News

 

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သူ ဗြိတိန်လက်ဝှေ့သမား ဒေးဗစ်ဟေယီသည် လက်ဝှေ့လောကမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် (၃၇) နှစ်အရွယ်ရှိ ဟေယီသည် ပြီးခဲ့သည့်မေလက နောက်ဆုံးထိုးသတ်ခဲ့သည့် တစ်နိုင်ငံတည်းသား တိုနီဘယ်လူးနှင့်ပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် အနားယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ခရူဇာဝိတ်တန်းတွင်လည်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ၎င်းင်း၏လက်ဝှေ့မှတ်တမ်းတွင် (၂၈) ပွဲနိုင်၊ (၄) ပွဲရှုံးရလဒ်ရရှိခဲ့သည်။ ဟေယီသည် ၂၀၀၉ ခုနှစ်က ရုရှားလက်ဝှေ့သမား နီကိုလေဗဲလ်လျူးဗ် နှင့် ထိုးသတ်ခဲ့သည့်ပွဲတွင် အနိုင်ရပြီးနောက် WBA ရွှေခါးပတ်ကို ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ယူကရိန်းနိုင်ငံသား ၀လာဒီမာကလစ်ရှ်ကိုအား ရှုံးနိမ့်ကာ ချန်ပီယံဘွဲ့ လက်လွှတ်ခဲ့ရသည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.