အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဖိလစ်ပိုင်ကို ဂိုးပြတ်အနိုင်ယူကာ မြန်မာအသင်း ကြေးတံဆိပ်ဆွတ်ခူး

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဖိလစ်ပိုင်ကို ဂိုးပြတ်အနိုင်ယူကာ မြန်မာအသင်း ကြေးတံဆိပ်ဆွတ်ခူး
Published 22 August 2017

မြန်မာ-ဖိလစ်ပိုင်ပွဲမြင်ကွင်း

မြန်မာ-ဖိလစ်ပိုင်ပွဲမြင်ကွင်း

မြန်မာ-ဖိလစ်ပိုင်ပွဲမြင်ကွင်း

၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်
ကစားခဲ့ရာ မြန်မာအသင်းက (၆-ဝ)ဂိုးဖြင့်အနိုင်ရခဲ့ပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ မြန်မာအသင်း
အနေဖြင့် ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရန် မျှော်မှန်းခဲ့သော်လည်း အဓိက ပြိုင်ဘက်များဖြစ်သည့် ထိုင်း၊
ဗီယက်နမ်တို့ကို ရှုံးနိမ့်ခဲ့၍ ကြေးတံဆိပ်ဆုသာ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နှင့်ပွဲတွင် မြန်မာအသင်း
အတွက် ဂိုးများကို (၄၊၈၀၊ ၉၄)မိနစ်တို့တွင် ခင်မိုးဝေ၊ (၆)မိနစ်၌ ဝင်းသိင်္ဂီထွန်း၊ (၁၈)မိနစ်တွင် ရီရီဦး၊ (၁၉)မိနစ်
၌ နော်အားလိုဝါးဖောတို့က သွင်းယူခဲ့သည်။

Most Read

Most Recent