ဝှူရှူးအားကစား ချန်းချွမ်ပြိုင်ပွဲတွင် မြန်မာမှ မြတ်သက်စုဝေဖြိုး ရွှေတံဆိပ်ဆွတ်ခူး

ဝှူရှူးအားကစား ချန်းချွမ်ပြိုင်ပွဲတွင် မြန်မာမှ မြတ်သက်စုဝေဖြိုး ရွှေတံဆိပ်ဆွတ်ခူး
Published 22 August 2017

ချန်းချွမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ မြတ်သက်စုဝေဖြိုး

ချန်းချွမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ မြတ်သက်စုဝေဖြိုး

 

လက်ရှိကျင်းပလျက်ရှိသော ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝှူရှူးအားကစားနည်း အမျိုးသမီးချန်းချွမ်ပြိုင်ပွဲ၌
မြန်မာမှမြတ်သက်စုဝေဖြိုးက ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည်။ မြတ်သက်စုဝေဖြိုးသည် ရမှတ် ၉.၆၇မှတ်ဖြင့် ရွှေတံဆိပ်
ဆုရရှိခဲ့ပြီး စန္ဒီဦးမှာမူ (၉.၆၆)မှတ်ဖြင့် ဒုတိယငွေတံဆိပ်ဆုရရှိခဲ့သည်။ အမျိုးသားထိုက်ချိချွမ်ပြိုင်ပွဲတွင် မြန်မာမှ
ခန့်မင်းထက်က (၉.၃၆)မှတ်ဖြင့် တတိယကြေးတံဆိပ်ဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို မလေးရှား၊
ငွေတံဆိပ်ဆုအား စင်ကာပူတို့က အသီးသီးဆွတ်ခူးခဲ့ကြသည်။ မြန်မာဝှူရှူးအဖွဲ့သည် ရွှေ ၂၊ ငွေ ၂၊ ကြေး ၂ ဆွတ်ခူး
ရရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent