ဆီမီးဖိုင်နယ်ပွဲစဉ်ကြည့်ရှုကြမည့် မြန်မာပရိသတ်များအတွက် MFF ကြိုတင်ပြင်ဆင်မည်

ဆီမီးဖိုင်နယ်ပွဲစဉ်ကြည့်ရှုကြမည့် မြန်မာပရိသတ်များအတွက် MFF ကြိုတင်ပြင်ဆင်မည်
Published 22 August 2017

မြန်မာအသင်းပွဲစဉ်များကို တခဲနက်အားပေးနေကြသည့် မလေးရှားရောက် မြန်မာပရိသတ်များ (ဓာတ်ပုံ - ညီညီစိုးညွန့်)

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ်ကစားမည့် မြန်မာအသင်းပွဲစဉ်ကို ကွင်းထဲအထိ လာရောက်အားပေးကြမည့် မြန်မာပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။ မြန်မာအသင်း၏ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်မှတ်ခွဲတမ်း ပိုမိုရရှိရန်နှင့် အခြားလုံခြုံရေးကိစ္စရပ်များအတွက် ကြိုတင်စီစဉ်သွားမည်ဖြစ်ပြီး ယင်းကိစ္စအတွက် မလေးရှားအိုလံပစ်ကော်မတီနှင့် မလေးရှားဘော လုံးအဖွဲ့ချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

MFF သည် မလေးရှားအသင်းနှင့် ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် လက်မှတ်ခွဲတမ်းပိုမို ရရှိရန်နှင့် အခြားလုံခြုံရေးကိစ္စရပ်များတွင် မလေးရှားအိုလံပစ်ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။ မလေးရှားနှင့်ပွဲစဉ်တွင် မြန်မာပရိသတ်(၈၀၀၀)ကျော်အထိ လာရောက်အားပေးခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့် သြဂုတ်(၂၆)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Most Recent