<

လီဗာပူးလ်အသင်းနည်းပြကလော့ပ်နှင့် ပြန်လည်လက်တွဲလိုကြောင်း ဂေါ့ဇီ ၀န်ခံ

Photo: Gettyimages

ဒေါ့မွန်ကွင်းလယ်လူဂေါ့ဇီက လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်နှင့် ပြန်လည်လက်တွဲလိုကြောင်း ၀န်ခံ ပြောဆိုခဲ့သည်။

ဂေါ့ဇီသည် ကလော့ပ်နှင့် ဒေါ့မွန်အသင်းတွင် ၂၀၀၉ မှ ၂၀၁၃ ခုနှစ်အထိ လက်တွဲဖူးသူဖြစ်ပြီး ကလော့ပ် လက်အောက်တွင် နာမည်ကျော်ကြားလာသူလည်းဖြစ်သည်။

ဂေါ့ဇီက ”ကလော့ပ်က ကျွန်တော့်ကို လီဗာပူးလ်ကိုခေါ်ဖို့ စိတ်ဝင်စားနေသလို၊ ကျွန်တော်လည်း သူနဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိပါတယ်”ဟု ဆိုခဲ့သည်။

ဂေါ့ဇီသည် ပြီးခဲ့သည့်နွေရာသီက လီဗာပူးလ်အသင်းသို့ ရောက်လုနီးပါးဖြစ်ခဲ့ကြောင်း သိရသည်။

June 12, 2018














Copy Protected by Chetan's WP-Copyprotect.