ပွဲအပြီးတွင် ဒိုင်လူကြီးအား ကန်တော့ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးမျိုးမင်းထွန်း ရှင်းလင်း

ပွဲအပြီးတွင် ဒိုင်လူကြီးအား ကန်တော့ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးမျိုးမင်းထွန်း ရှင်းလင်း
Published 11 June 2018

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ဧရာဝတီအသင်းအား ရှုံးနိမ့်သည့် ပွဲအပြီးတွင် ကွင်းလယ်ဒိုင်အား ကန်တော့ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ရှင်းလင်းခဲ့သည်။

ဦးမျိုးမင်းထွန်းက “ဒိုင်လူကြီးကို လေးစားလို့ Respect ထားတဲ့အနေနဲ့ ကန်တော့ခဲ့တာပါ။ မြန်မာလူမျိုးတွေက လေးစားရင် ကန်တော့ပါတယ်။ ဒါကြောင့် ကန်တော့ခဲ့တာပါ”  ဟု ပြောကြားသည်။

ဒိုင်၏ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဦးမျိုးမင်းထွန်းက ဆက်လက် ပြောကြားရာတွင် “ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားခဲ့ပေမဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အများကြီးနစ်နာခဲ့ရတယ်။ ပြိုင်ဘက် ကစားသမားတွေ ကိုယ်ထိလက်ရောက်ကျူး လွန်တာတွေကို အနီမပြပါဘူး။ ဆယ်လာကို ပြစ်ဒဏ်ကျုးလွန်တာဆိုရင် ဖျက်ထုတ်ခံရတဲ့ ဆယ်လာကိုတောင် သတိပြန်ပေးခဲ့ပါတယ်။ ပြီးတော့ ဆယ်လာကို တံတောင်နဲ့ရိုက်တာ အဝါမပြဘူး။ မင်းကျော်ခန့်ကို လက်သီးနဲ့ထိုးတာ အဝါပဲပြတယ်။ စည်းမျဉ်းတွေက ရန်ကုန်အသင်းဆိုရင် တစ်မျိုးဖြစ်နေတာလားတော့ မသိပါဘူး။ ကျွန်တော့် ကစားသမားဘဝ၊ နည်းပြဘဝမှာ ဒိုင်တွေကို မဝေဖန်ခဲ့ပါဘူး။ အခုတော့ ဝေဖန်ပါပြီ။ မြန်မာ့ဘောလုံး တိုးတက်ဖို့ဆိုရင် ဒိုင်တွေအနေနဲ့ အရည်အသွေး မြင့်ဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေ လုယူခံနေရတယ်လို့ ခံစားရပါတယ်။ နှစ်ရာသီရှိပါပြီ။ ကျွန်တော်ရဲ့ဘဝနဲ့ လောင်းကြေးထပ်ပြီး လူငယ်တွေကို မွေးထုတ်ပြီး ယှဉ်ပြိုင်နေရပေမဲ့ အခုပုံစံအတိုင်းဆို ဖလားရဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု ဆိုသည်။

Most Read

Most Recent