ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု စတုတ္ထနေ့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု စတုတ္ထနေ့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 22 August 2017

မြန်မာ - ဖိလစ်ပိုင်

အချိန် - မွန်းလွဲ ၂း၃၀ နာရီ (မြန်မာစံတော်ချိန်)၊

ကွင်း - UM Stadium

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု

မြန်မာ  ၂-ဝ     ဖိလစ်ပိုင်         (၂၀၁၃ ပြိုင်ပွဲ)

နှစ်သင်းစလုံးအတွက် တတိယ ကြေးတံဆိပ်ဆုအတွက် အဆုံးအဖြတ်ပွဲလို့တောင် ပြောလို့ရပါတယ်။ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို အနိုင်ရဖူးတဲ့ အစဉ်အလာ မရှိပေမယ့် ဒီပြိုင်ပွဲမှာ မလေးရှားအသင်းကိုတောင် အနိုင်ရထားတာကြောင့် သတိထားရပါမယ်။ မြန်မာအသင်းအနေနဲ့ အခုပွဲအနိုင်ရမှ ကြေးဆုရမှာဖြစ်တာကြောင့် အားကုန်ထုတ် ကစားပါလိမ့်မယ်။ ဖိလစ်ပိုင်နဲ့ ကစားရမှာဖြစ်တာကြောင့် နည်းပြ ရော်ဂျာအနေနဲ့ မလေးရှားနဲ့ပွဲက လူစာရင်းအတိုင်း ပွဲထွက်လာဖို့များပါတယ်။ ဖိလစ်ပိုင်အသင်းရဲ့ ရုန်းကန်မှုကြောင့် မြန်မာအသင်း အခက်တွေ့နိုင်ပေမယ့် ကြေးတံဆိပ်ဆုအတွက် အနိုင် ကစားသွားပါလိမ့်မယ်။

Most Read

Most Recent