ပရီးမီးယားလိဂ်ရဲ့ ရေပန်းအစားဆုံးမန်စီးတီး အိမ်ကွင်းမှာ နိုင်ပွဲပျောက်ဆုံးခဲ့

ပရီးမီးယားလိဂ်ရဲ့ ရေပန်းအစားဆုံးမန်စီးတီး အိမ်ကွင်းမှာ နိုင်ပွဲပျောက်ဆုံးခဲ့
Published 22 August 2017

Photo: Daily Mail

မန်စီးတီး ၁-၁ အဲဗာတန်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘရိုက်တန်နဲ့ပွဲကလူစာရင်းကို အပြောင်းအလဲ တစ်နေရာပဲလုပ်ခဲ့ပြီး ဒန်နီလိုရဲ့ဘယ်အစွန်မှာ ဆာနေကစားခဲ့တာပါ။ အဲဗာတန် နည်းပြရော်နယ်လ်ကိုးမင်းကလည်း ပထမပွဲ လူစာရင်းကို အပြောင်းအလဲနည်းနည်းပဲ လုပ်ခဲ့ပေမယ့် (၃-၅-၂)ပုံစံနဲ့ ကွင်းလယ်ကို ပိုကျစ်လျစ်အောင် တည်ဆောက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်တဲ့ မန်စီးတီးအသင်းက ပွဲချိန်အစောပိုင်းမှာ အသာစီးယူကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး အဂွဲရိုးချိန်သားကိုက် ကန်သွင်းမှုတွေ မပြုလုပ်နိုင်တာနဲ့ (၃၃)မိနစ်မှာ ဒေးဗစ်ဆေးလ်ဗားရဲ့အပိုင်ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် မန်စီးတီးအသင်း ဦးဆောင်ဂိုးမရခဲ့တာပါ။

(၃၅)မိနစ်မှာတော့ ဆာနေရဲ့အမှားကတစ်ဆင့် အဲဗာတန်အသင်း ဘောလုံးရသွားပြီး ကားလ်ဗက်လီဝင် ချိုးပေးတာကို ရွန်နီက ဂိုးသမားအီဒါဆန်ရဲ့ ပေါင်ကြားထဲကနေ ကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးက ရွန်နီရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၂၀၀)မြောက်ဖြစ်ပြီး အလန်ရှီးယားရဲ့နောက် ပရီးမီးယားလိဂ်မှာ ဂိုး(၂၀၀)ပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

(၄၄)မိနစ်မှာ နောက်ခံလူဝေါ်လ်ကာ နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချေပဂိုးရဖို့ကြိုးစားနေတဲ့ မန်စီးတီးအသင်း ပိုပြီးအခက်တွေ့သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂွါဒီယိုလာက ဂျေးဆူအစား စတာလင်ကိုထည့်သွင်းကာ တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပါတယ်။ မန်စီးတီး ဖိကစားလာနိုင်ခဲ့သလို၊ အဲဗာတန်အသင်းကလည်း ပိတ်ဆို့ကစားနေခဲ့ပြီး မိနစ် (၆၀)ဝန်းကျင်မှာမှ ရော်နယ်လ်ကိုးမင်းက ကလာဆန်နဲ့ ဆီဂတ်ဒ်ဆန်တို့ကို ပြိုင်တူထည့်ကာ တိုက်စစ်နဲ့ ပြန်ဖိအားပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဦးချင်းထိုးဖောက်မှုတွေကို ပိုအားပြုလာတဲ့ မန်စီးတီးအသင်း အခွင့်အရေးတွေ ပိုရလာခဲ့ပြီး (၈၂)မိနစ်မှာတော့ စတာလင်က ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။ (၈၈)မိနစ်မှာ အဲဗာတန်ကွင်းလယ်လူ ရှနိုက်ဒါလင်လည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။ ဒါကြောင့် ဆက်တိုက်ဖိကစားလာတဲ့ မန်စီးတီးအသင်း အနိုင်ဂိုးရလုရခင် အနေအထားရှိခဲ့ပေမယ့် အဲဗာတန်အသင်းက တားဆီးသွားနိုင်ခဲ့တာကြောင့် တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

 

စပိန်လာလီဂါ ပွဲစဉ် (၁) ပွဲကျန်ရလဒ်များ
---------------------------------
လီဗန်တေး ၁-၀ ဗီလာရီးယဲလ်
မာလာဂါ ဝ-၁ အီဘာ

Most Read

Most Recent