ဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း ပွဲဦးထွက်ရှုံးနိမ့်

ဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း ပွဲဦးထွက်ရှုံးနိမ့်
Published 22 August 2017

၂၀၁၇ ဆီးဂိမ်းစ်အမျိုးသားဘော်လီဘောပြိုင်ပွဲ၏ အုပ်စုအဖွင့်ပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ထိုင်းအသင်းကို (ဝ-၃)ပွဲဖြင့် ရှုံးနိမ့်သွားခဲ့သည်။

မြန်မာအသင်းသည် ထိုင်းအသင်းကို (၂၂-၂၅၊ ၁၉-၂၅၊ ၂၇-၂၉)တို့ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(က)တွင် မြန်မာနှင့်အတူ ထိုင်း၊ ကမ္ဘောဒီးယား ၊ အိမ်ရှင်မလေးရှားတို့ ပါဝင်နေပြီး အုပ်စုထိပ်ဆုံးနှစ်သင်းသာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် သြဂုတ်(၂၂)တွင် ဒုတိယပွဲအဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယနေ့ကျင်းပခဲ့သည့် အုပ်စု(ခ)အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းက ဖိလစ်ပိုင်ကို (၃-ဝ)ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent