သွင်းဂိုးတစ်ဂိုးနဲ့အတူ ပြန်လာတဲ့ နေမာ

သွင်းဂိုးတစ်ဂိုးနဲ့အတူ ပြန်လာတဲ့ နေမာ
Published 4 June 2018

ဇွန်(၃)ရက်နေ့မှာကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်အသင်းက ဒဏ်ရာကပြန်လာတဲ့ နေမာရဲ့ဂိုးတစ်ဂိုးအပါအဝင် ခရိုအေးရှားအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

နေမာဟာ ဒုတိယပိုင်းမှာ ဖာနန်ဒင်ဟိုအစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး (၆၉)မိနစ်မှာ ကော်တင်ဟို ပေးပို့မှုကနေ နေမာက လှပတဲ့အဆုံးသတ်ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။

ဘရာဇီးလ်ရဲ့ဒုတိယဂိုးကို လူစားဝင်ကစားသမားပင်ဖြစ်တဲ့ ဖေမီနိုက (၉၃)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

စပိန်-ဆွစ်ဇာလန်ပွဲမှာတော့ (၂၉)မိနစ်မှာ စပိန်နောက်ခံလူ အော်ဒရီယိုဇိုလာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် (၆၂)မိနစ်မှာ ဒီဂီယာရဲ့အမှားကနေ ရီကာဒိုရိုဒရီဂွက်ဇ်က ဆွစ်ဇာလန်အတွက် ပြန်လည်ချေပခဲ့ပါတယ်။

ခြေစမ်းပွဲရလဒ်များ

အယ်လ်ဘေးနီးယား ၁-၄ ယူကရိန်း
ဘရာဇီးလ် ၂-၀ ခရိုအေးရှား
အန်ဒိုရာ ဝ-၀ ကိတ်ဗာဒီ
ကော်စတာရီကာ ၃-၀ မြောက်အိုင်ယာလန်
ပီရူး ၃-၀ ဆော်ဒီအာရေဗျ
စပိန် ၁-၁ ဆွစ်ဇာလန်

Most Read

Most Recent