၂၀၁၇ ဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည်

၂၀၁၇ ဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည်
Published 21 August 2017

photo - Zimbio

 

ဆီးဂိမ်းစ် အမျိုးသားဘော်လီ ဘောပြိုင်ပွဲအုပ်စုပွဲစဉ်များကို သြဂုတ် ၂၁ ရက်(ယနေ့)စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ပွဲဦးထွက်ပွဲအဖြစ် နာမည်ကြီး ထိုင်းအသင်းနှင့် တွေ့ဆုံနေကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာကုန်သွယ်မှုစင်တာ၌ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဘော်လီဘောပြိုင် ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အိမ်ရှင်မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားတို့နှင့် ကျရောက်နေ သည်။ အုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမော၊ ဗီယက်နမ် အသင်းတို့ ပါဝင်လျက်ရှိသည်။ အုပ်စုပွဲစဉ်များကို သြဂုတ် ၂၁ ရက် မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် သြဂုတ် ၂၁ ရက်တွင် ထိုင်း အသင်း၊ သြဂုတ် ၂၂ ရက်တွင် မလေးရှားအသင်း၊ သြဂုတ် ၂၅ ရက် တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ် သို့ တက်ရောက်နိုင်ရန် အိမ်ရှင် မလေးရှားအသင်းနှင့်ပွဲမှာ အရေး ပါလျက်ရှိပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များ ကို သြဂုတ် ၂၆ ရက်၊ ဗိုလ်လုပွဲကို သြဂုတ် ၂၇ ရက်တွင် ကျင်းပမည် ဖြစ်သည်။
မြန်မာအမျိုးသားဘော်လီ ဘောအသင်းသည် အောင်မြင်မှု ရရန် လေ့ကျင့်ပြင်ဆင်ထားပြီး လူ ငယ်ကစားသမားအများစု ပါဝင်လာ သည်။ မြန်မာ့လက်ရွေးစင်အသင်း ကို ပြည်ပကလပ်အသင်းများတွင် ဆုကြေးစားသွားရောက်ကစားထား သည့် အောင်သူ၊ သွင်ထူးဇင်၊ မျိုးမင်း ဦးစသည့် ကစားသမားများက ဦး ဆောင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent