မြန်မာအမျိုးသမီးဖူဆယ်အသင်း သုံးကြိမ်ဆက်ချန်ပီယံထိုင်းအသင်း ဂိုးပြတ်ရှုံးနိမ့်

မြန်မာအမျိုးသမီးဖူဆယ်အသင်း သုံးကြိမ်ဆက်ချန်ပီယံထိုင်းအသင်း ဂိုးပြတ်ရှုံးနိမ့်
Published 21 August 2017

 

ဆီးဂိမ်းစ်အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်အဖြစ် သြဂုတ် ၂၀ ရက် နံနက်ပိုင်း တွင် မြန်မာအသင်းနှင့် သုံးကြိမ်ဆက်ချန်ပီယံ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ အမျိုးသမီးအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ အုပ်စုအဖွင့်ပွဲတွင် ရှုံးပွဲကြုံတွေ့ထား သည့် မြန်မာအသင်းသည် ယခုပွဲတွင် ရလဒ် ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ခြေစွမ်းပိုင်းကွာဟမှုကြောင့် (၂-၁၀) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ၌ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ထည့်သွင်းကျင်းပ သည့် သုံးကြိမ်စလုံး (၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃) ရွှေတံဆိပ်ဆုဆွတ်ခူးရရှိထားသည့် ထိုင်း အသင်းသည် မြန်မာအသင်းအား သက် သောင့်သက်သာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမ ပိုင်းတွင် (၅-၂) ဂိုးဖြင့် ဦးဆောင်ကစားကာ လက်ကျန်မိနစ်များတွင် ငါးဂိုးထပ်မံသွင်းယူ ခဲ့သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲ၌ နှစ်ပွဲဆက် ရှုံးနိမ့်ခြင်းဖြစ်ပြီး အဖွင့်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းအား ဦးဆောင်ဂိုး စတင်သွင်းယူနိုင်သော်လည်း (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲ ရလဒ်ကြောင့် ဆုတံဆိပ်ရရှိရန် ရုန်းကန်ရ တော့မည်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent