ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Published 26 May 2018

Photos: AFP

■ ရီးယဲလ်မက်ဒရစ် နှင့် လီဗာပူးလ် (၂၇-၅-၂၀၁၈ နံနက် ၁း၁၅ နာရီ)

လီဗာပူးလ်က ဒီရာသီချန်ပီယံလိဂ်မှာ အရမ်း Strong ဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်က Class ပါ။ ဗိုလ်လုပွဲ ပေါင်းများစွာကိုကစားခဲ့ပြီး ဗိုလ်လုပွဲတစ်ပွဲအတွက် ပြင်ဆင်မှု၊ ဗိုလ်လုပွဲတစ်ပွဲကို ဘယ်လိုကစားရမလဲဆိုတာတွေကို ကောင်း ကောင်းနားလည်နေတဲ့အသင်းဖြစ်ပြီး ဒီအချက်က ပွဲအပေါ်မှာသက်ရောက်မှုရှိပါတယ်။ လီဗာပူးလ်နဲ့ ရိုးမားတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်လာရ တော့ လီဗာပူးလ် ပုံပျက်သွားတာက အတွေ့အကြုံနဲ့ဆိုင်တယ်။ရီးယဲလ်မက်ဒရစ်က တစ်ဦးချင်းလည်း အားနည်းချက် မရှိဘူး။ အသင်းလိုက်လည်း ပြဿနာမရှိဘူး။ သူတို့ပြဿနာရှိတာက သူတို့ကစားနေတဲ့ Style of play ကြောင့် ခံစစ်ပိုင်းမှာ အားနည်းချက် အနည်းငယ်ရှိတယ်။ ဒါပေမဲ့ Style of play ကြောင့်ဖြစ်တဲ့ အားနည်းချက်ထက် အားသာချက်တွေက အများကြီးပိုများတယ်။ ပိုအားကောင်းတယ်။ ဒါကြောင့်လည်း ရီးယဲလ်က အောင်မြင်နေတာဖြစ်တယ်။ ရီးယဲလ်မှာ ခံစစ်ပိုင်းအား နည်းချက်ရှိတယ်ဆိုရင် လူမစုံလို့ဖြစ်စေ၊ သူတို့အသင်းရဲ့ကစားဟန်ကြောင့်ဖြစ်စေ၊ ဒီနှစ်ချက်ကြောင့်သာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် နှင့် လီဗာပူးလ်ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
■ ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၂၇)ပွဲဆက် သွင်းဂိုးများရရိှခဲ့ပြီး (၁၉)ပွဲအထိ နိုင်ပွဲများရရှိခဲ့သည်။
■ လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၁၄)ပွဲတွင် (၂)ဂိုးနှင့် အထက်သွင်းယူနိုင်သည့်ပွဲမှာ (၁၂)ပွဲအထိရှိခဲ့ပြီး Clean Sheets ရရှိခဲ့သည့်ပွဲမှာလည်း (၆)ပွဲအထိ ရှိခဲ့သည်။
■ ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ဖိုင်နယ်ကို နောက်ဆုံး (၅)နှစ်အတွင်း (၄)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ချန်ပီယံဆုကို ထပ်မံရရှိပါက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် (၃)ကြိမ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်မည်ဖြစ်သည်။
■ လီဗာပူးလ်အသင်းသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖိုင်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်နိုင်ခြင်းဖြစ်ပြီး (၂၁)ရာ စုအတွင်း (၃)ကြိမ်မြောက်တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။
■ ရီးယဲလ်အသင်းသည် ယခုရာသီ ရှုံးထွက်အဆင့် အဝေးကွင်းပွဲစဉ်တိုင်း အနိုင်ရရှိခဲ့ပြီး ပွဲတိုင်းလည်း (၂)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည်။

■ Head To Head
၁၉၈၀-၈၁ လီဗာပူးလ် ၁-၀ ရီးယဲလ်မက်ဒရစ် (UCL)
၂၀၀၈-၀၉ ရီးယဲလ်မက်ဒရစ် ဝ-၁ လီဗာပူးလ် (UCL)
လီဗာပူးလ် ၄-၀ ရီးယဲလ်မက်ဒရစ် (UCL)
၂၀၁၄-၁၅ လီဗာပူးလ် ဝ-၃ ရီးယဲလ်မက်ဒရစ် (UCL)
ရီးယဲလ်မက်ဒရစ် ၁-၀ လီဗာပူးလ် (UCL)

Most Read

Most Recent