အာဖရိကဇာဗီဟု တင်စားခံထားရသည့် နိုက်စ်ကွင်းလယ်လူ ဆာရီကို ခေါ်ယူရန် ဘာစီလိုနာအသင်း သဘောတူညီမှုရရှိ

အာဖရိကဇာဗီဟု တင်စားခံထားရသည့် နိုက်စ်ကွင်းလယ်လူ ဆာရီကို ခေါ်ယူရန် ဘာစီလိုနာအသင်း သဘောတူညီမှုရရှိ
Published 21 August 2017

ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် ဆာရီ

ဘာစီလိုနာအသင်းသည် နိုက်စ် အသင်းမှ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်လူ ယန်းဆာရီကို ခေါ်ယူ ရန်
သဘောတူညီမှုရရှိခဲ့ပြီး လာမည့် တစ်ပတ်အတွင်း စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ် သူ ဆာရီသည် ၂၀၁၅ ခုနှစ်တွင် နိုက်စ် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏ခြေစွမ်းအရ
မီဒီယာများက အာဖရိက ဇာဗီဟု တင်စားခဲ့ကြသည်။ ဘာစီလို နာအသင်းသည် ဆာရီကိုစာချုပ်လျော် ကြေးဖြစ်သည့်
ယူရိုသန်း(၄၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဆာရီသည် နိုက်စ်အသင်းတွင် ကစားခဲ့သည့်
(၂) နှစ်တာကာလအတွင်း အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပြီး (၇၂)ပွဲကစား ကာ (၁၀)ဂိုးသွင်းယူခဲ့သည်။ ဘာစီ လိုနာအသင်းသည်
ကွမ်ကျိုးအဲဗား ဂရန်းကွင်းလယ်လူ ပေါ်လင်ဟိုအား ယူရိုသန်း(၄၀)ဖြင့် ခေါ်ယူခဲ့ပြီးဖြစ် သော်လည်း ကွင်းလယ်ကို ထပ်မံ
အား ဖြည့်ရန်အတွက် ဆာရီအား ခေါ်ယူခဲ့ ခြင်းဖြစ်သည်။

 

REF:AS.com
Photo : metro

Most Read

Most Recent