ဘတ်စကက်ဘောအမျိုးသမီးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ရှုံးပွဲကြုံတွေ့

ဘတ်စကက်ဘောအမျိုးသမီးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ရှုံးပွဲကြုံတွေ့
Published 21 August 2017

ဆီးဂိမ်းစ်ဘတ်စကက်ဘောပြိုင်ပွဲကို သြဂုတ် ၂၀ ရက်တွင် စတင်ကျင်းပရာ မြန်မာ အမျိုးသမီးအသင်း ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်း၏ပွဲစဉ်ကို နံနက်ပိုင်း၌ ကျင်းပခဲ့ပြီး အင်ဒိုနီးရှားအသင်း အား (၄၉-၉၄) မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံနည်းပါးမှုကြောင့် ရှုံးပွဲ ကြုံတွေ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းနှင့် စတုတ္ထ ပိုင်း၌ ရမှတ်ကွာဟမှုကျဉ်းမြောင်းသော်လည်း ပထမပိုင်းနှင့် တတိယပိုင်း၌ ရမှတ်ကွာဟမှု များသဖြင့် အမှတ်ပြတ်သွားခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင် လက်ရှိချန်ပီယံဖြစ်သည့် အိမ် ရှင်မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင် ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်ယှဉ်ပြိုင်ယှဉ်ပြိုင်လျက်ရှိပြီး ရပ်တည်မှု အမြင့်ဆုံးသုံးသင်း ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိမည်ဖြစ်သည်။

အမျိုးသားပြိုင်ပွဲတွင်မူ စုစုပေါင်းကိုးသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စု (က) တွင် ပါဝင်နေသည့် မြန်မာအသင်းသည် အဖွင့် ပွဲစဉ်အဖြစ် ညနေပိုင်း၌ အိမ်ရှင်မလေးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။

Most Read

Most Recent