■ အူနိုင်းအမ်မရီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်း အတည်ပြုထုတ်ပြန်

■ အူနိုင်းအမ်မရီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်း အတည်ပြုထုတ်ပြန်
Published 23 May 2018

 

Photos: Telegraph,Arsenal Twitter

 

 

အာဆင်နယ်အသင်းသည် PSG နည်းပြဟောင်း အူနိုင်းအမ်မရီအား နည်းပြသစ်အဖြစ် အတည်ပြု ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၎င်းတို့၏ သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးနှင့် လမ်းခွဲပြီးနောက် ကစားသမားဟောင်းများဖြစ်သည့် အာတီတာ၊ အွန်နရီတို့ကို အစားထိုးခန့်အပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဆီဗီလာ၊ PSG တို့နှင့် ဆုဖလားများ ရယူဖူးသည့် အမ်မရီကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အမ်မရီက ဓကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်သင်းနဲ့ လက်တွဲခွင့်ရတော့မှာဖြစ်လို့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ အာဆင်နယ်ဟာ လှပတဲ့ ကစားဟန်၊ လူငယ်ကစားသမားတွေကို နေရာပေးမှု၊ ကောင်းမွန်လှပတဲ့ ကွင်း၊ ကလပ်အသင်းရဲ့လမ်းစဉ်တွေကြောင့် ကမ္ဘာ့ပေါ်မှာ လူကြိုက်များတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရဖို့ တာဝန်ပေးခံရတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်ဓဟု အာဆင်နယ်အသင်း၏ ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

(၄၆)နှစ်အရွယ် အမ်မရီသည် ၂၀၀၅ ခုနှစ်က နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး ဆီဗီလာနှင့် PSG အသင်းတို့တွင် အရေးပါသည့် ဆုဖလားများ ရယူနိုင်ခဲ့သူ ဖြစ်သည်။ အမ်မရီသည် အာဆင်နယ်အသင်းတွင် လာမည့်နွေရာသီအပြောင်းအရွှေ့အတွက် အသုံးစရိတ်ပေါင်သန်း (၅၀)ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent