<

ရီးယဲလ်မက်ဒရစ်အသင်း ပွဲထွက်စာရင်း ဝင်နိုင်သည့် ကစားသမား လီဗာပူးလ်အသင်းတွင် မရှိဟု ဒဲလ်ဘော့စကေး ပြောကြား

ရီးယဲလ်မက်ဒရစ်နှင့် စပိန်လက်ရွေးအသင်းနည်းပြဟောင်း ဒဲလ်ဘော့စကေး (Photo: xsport)

ရီးယဲလ်မက်ဒရစ်နှင့် စပိန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဒဲလ်ဘော့စကေးက လက်ရှိ လီဗာပူးလ်အသင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ပွဲထွက်(၁၁)ယောက်စာရင်း ၀င်နိုင်သည့် ကစားသမား မရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။

မေ (၂၆)ရက်နေ့တွင် ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အနေဖြင့် လီဗာပူးလ်အသင်းကို သက်သက်သာသာ ကစားပြီး ဂိုးပြတ်အနိုင်ရသွားမည်ဟုလည်း ဒဲလ်ဘော့စကေးက ခန့်မှန်းပြောဆိုခဲ့သည်။

ဒဲလ်ဘော့စကေးက “ရီးယဲလ်မက်ဒရစ်အသင်းဟာ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ လောလောဆယ်မှာ သူတို့ဟာ ဥရောပမှာ အကောင်းဆုံးအသင်းပါ။ စနေည ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်အသင်းကို (၄-၁)ဂိုးနဲ့ နိုင်သွားပါလိမ့်မယ်။ လက်ရှိ လီဗာပူးလ်အသင်းမှာ ရီးယဲလ်အသင်းရဲ့ ပွဲထွက်(၁၁)ယောက် စာရင်းဝင်နိုင်မယ့် ကစားသမား မရှိပါဘူး။ ဆာလာတောင် ရီးယဲလ်မက်ဒရစ်မှာ ပွဲထွက်စာရင်း မ၀င်နိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

May 22, 2018














Copy Protected by Chetan's WP-Copyprotect.