နည်းပြ လိုပယ်တယ်ဟီအား စပိန်အသင်း (၂)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

နည်းပြ လိုပယ်တယ်ဟီအား စပိန်အသင်း (၂)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို
Published 23 May 2018

Photo: EPA

စပိန်လက်ရွေးစင်အသင်းသည် ၎င်းတို့၏နည်းပြ လိုပယ်တယ်ဟီကို (၂)နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အသက်(၅၁)နှစ်အရွယ် လိုပယ်တယ်ဟီသည် စပိန်အသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် စတင်ကိုင်တွယ်သူဖြစ်ပြီး စာချုပ်သစ်အရ

စပိန်အသင်းတွင် ၂၀၂၀ ခုနှစ်အထိ ရှိနေတော့မည် ဖြစ်သည်။

လိုပယ်တယ်ဟီသည် စပိန်အသင်းကို (၁၈)ပွဲ ကိုင်တွယ်ထားရာ လုံးဝရှုံးပွဲ မရှိသေးဘဲ (၁၃)ပွဲနိုင်၊ (၅)ပွဲသရေ ရလဒ် ရရှိအောင်

စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။

Photo: EPA

လိုပယ်တယ်ဟီက "ကျွန်တော်နဲ့ ကျွန်တော့်နည်းပြအဖွဲ့ကို ယုံကြည်ပေးတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။

အခုအချိန်မှာ ကျွန်တော့်တို့ဟာ အကောင်းဆုံးအနေအထားမှာ ရှိနေသလို အကောင်းဆုံးဖြစ်အောင် ထပ်ကြိုးသွားမှာပါ။ လုပ်ခဲ့တာတွေ

အတွက် ကျေနပ်အားရသလို အနာဂတ်အတွက် စိတ်လှုပ်ရှားမိပါတယ်"ဟု ဆိုခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရူဘီယာလက်စ်ကလည်း လာမည့်ကမ္ဘာ့ဖလားတွင် စပိန်အသင်း အောင်မြင်မှုရအောင် လိုပယ်တယ်ဟီက

စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

Most Read

Most Recent