၂၀၁၈ ကမ္ဘာ့ချန်ပီယံရှစ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ နိုဝင်ဘာတွင် ရန်ကုန်မြို့၌ ကျင်းပရန်လျာထားပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ပထမဆုံးကျင်းပခွင့်ရခြင်းဖြစ်

၂၀၁၈ ကမ္ဘာ့ချန်ပီယံရှစ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ နိုဝင်ဘာတွင် ရန်ကုန်မြို့၌ ကျင်းပရန်လျာထားပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ပထမဆုံးကျင်းပခွင့်ရခြင်းဖြစ်
Published 21 May 2018

၂၀၁၇ ကမ္ဘာ့ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယရခဲ့သည့် နေသွးဦး (ဓာတ်ပုံ-ညီညီစိုးညွန့်)

အပြည်ပြည်ဆိုင်ရာ ဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ချန်ပီယံရှစ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ကြောင်း သိရသည်။

မေ ဒုတိယပတ်က ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တွင် ၂၀၁၈ ကမ္ဘာ့ ချန်ပီယံရှစ် ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲ အိမ်ရှင်အဖြစ် မြန်မာနိုင်ငံအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်း ပြိုင်ပွဲကို လာမည့်နိုဝင်ဘာတွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၈ အာရှဘိလိယက်နှင့် စနူကာ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သောကြောင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်သည် ယခင်က အာရှအဆင့် ပြိုင်ပွဲများကိုသာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖူးပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲကို ပထမဆုံး လက်ခံကျင်းပ ခြင်းဖြစ်သည်။ မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ကမ္ဘာ့အဆင့်၊ အာရှအဆင့်ပြိုင်ပွဲများကို နှစ်စဉ် နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံ၌ ကျင်းပ သည့် ၂၀၁၇ ကမ္ဘာ့ချန်ပီယံရှစ် ဘိလိယက်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦးက တတိယဆုရခဲ့သည်။ ယခုပြိုင်ပွဲ၏ ဘိလိယက်ပြိုင်ပွဲ၌ 150 Up ပြိုင်ပွဲနှင့် Logn Up ပြိုင်ပွဲပါဝင်မည်ဖြစ်ပြီး စနူကာပြိုင်ပွဲတွင်မူ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က  ကျွန်တော်တို့ဆီမှာ ကျင်းပဖို့ ရွေးချယ်လိုက်ပါပြီ။ ကျင်းပမယ့်ရက်နဲ့ ကျင်းပမယ့် နေရာကိုရွေးပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို တင်ပြရပါမယ်။ ကျွန်တော်တို့အနေနဲ့ အောင်မြင်စွာကျင်းပနိုင်ဖို့ လုပ် ဆောင်သွားမှာဖြစ်ပါတယ်။ဒီနှစ်ထဲမှာ အာရှနဲ့ ကမ္ဘာမှာ အဆင့်မြင့်ဆုံး ပြိုင်ပွဲနှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်  တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ပြိုင်ပွဲကို နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပရန် စီစဉ်ထားသည်။

Most Read

Most Recent