ကင်မစ်ချ်၏မှတ်ချက်စကားနှင့်ပတ်သက်ပြီး ဘိုင်ယန်ဥက္ကဋ္ဌ အူလီဟိုးနက်စ် ပြန်လည်တုံ့ပြန်

ကင်မစ်ချ်၏မှတ်ချက်စကားနှင့်ပတ်သက်ပြီး ဘိုင်ယန်ဥက္ကဋ္ဌ အူလီဟိုးနက်စ် ပြန်လည်တုံ့ပြန်
Published 21 May 2018

 

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က အသင်းနောက်ခံလူ ကင်မစ်ချ်၏မှတ်ချက်စကားနှင့်ပတ်သက်ပြီး ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။

ကင်မစ်ချ်က အသင်း၏လူစာရင်းသည် ပြည့်စုံလုံလောက်မှုရှိသည်ဟု မယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

'' လုံးဝအဓိပ္ပာယ်မရှိပါဘူး။ အခြေအနေကောင်းတဲ့ရာသီတစ်ခုမှာ ဆိုးရွားတဲ့ပြောစကားတွေ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒီရာသီမှာလည်း ယူရိုသန်း ၁၀၀တန် ကစားသမားခေါ်ယူမှုမှု မလုပ်ဘူးဆိုတာ သေချာပါတယ်။ အသင်းအတွက် အကျိုးပြုနိုင်တဲ့ ကစားသမားတစ်ဦး၊ နှစ်ဦးလောက်ပဲ လိုအပ်ပါတယ်'' ဟု အူလီဟိုးနက်စ် ပြောကြားခဲ့သည်။

လက်ရှိတွင် ဘိုင်ယန်အသင်းသည် လေဗာကူဆင်တောင်ပံကစားသမား ဘေလေကို ယူရိုသန်း(၆၀)ဖြင့်ကမ်းလှမ်းမည်ဟု သတင်းများထွက်နေပြီး ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာမှာလည်း ဘိုင်ယန်နှင့်ပင် ကောလာဟလများ ထွက်ရှိနေသည်။

 

 

 

 

Most Read

Most Recent