၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးအဖြစ် ဘူဖယ်လ်၏သွင်းဂိုး သတ်မှတ်ခံရ

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးအဖြစ် ဘူဖယ်လ်၏သွင်းဂိုး သတ်မှတ်ခံရ
Published 21 May 2018

ဆောက်သမ်တန်အသင်းမှ မော်ရိုကိုတောင်ပံကစားသမား ဘူဖယ်လ် သွင်းယူသောဂိုးတစ်ဂိုးမှာ ယခုရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ဘူဖယ်လ်သည် ယင်းဂိုးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကစားခဲ့သော ဝက်စ်ဘရွန်းနှင့်ပွဲတွင် အသင်း၏တစ်လုံးတည်းသောအနိုင်ဂိုးအဖြစ် သွင်းယူခဲ့ခြင်းဖြစ်သည်။

၎င်းမှာ မိမိကွင်းတစ်ဝက်တွင် ဘောလုံးစတင်ရကာ ဆွဲပြေးပြီး ဝက်စ်ဘရွန်းကစားသမား(၅)ဦးကိုကျော်ဖြတ်ကာ ဂိုးသွင်းယူသွားခဲ့သည်။

ဘူဖယ်လ်၏ယင်းဂိုးမှာ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးနှင့် ဆောက်သမ်တန်အကောင်းဆုံးဂိုးများအဖြစ်လည်း အစောပိုင်းက သတ်မှတ်ခံခဲ့ရသည်။

သို့သော် ဘူဖယ်လ်မှာ ယခုရာသီအတွင်း (၂၈)ပွဲကစားရာတွင် (၂)ဂိုးသာသွင်းယူနိုင်ပြီး ယင်းဂိုးမှာ တစ်ဂိုးအပါအဝင်ဖြစ်ခဲ့သည်။

Most Read

Most Recent