နေမာ PSGသို့ပြောင်းခြင်းမှာ မှားယွင်းသည်ဟု ရီဗာလ်ဒို သုံးသပ်

နေမာ PSGသို့ပြောင်းခြင်းမှာ မှားယွင်းသည်ဟု ရီဗာလ်ဒို သုံးသပ်
Published 21 May 2018

 

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်း ရီဗာလ်ဒိုက နေမာအနေဖြင့် PSGသို့ပြောင်းရွှေ့ခြေမှာ အမှားတစ်ခုကို ကျူးလွန်မိခြင်းဟု သုံးသပ်ခဲ့သည်။

နေမာသည် ပြီးခဲ့သည့်နွေရာသီက PSGသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိခဲ့ပြီး ဒဏ်ရာကြောင့် ကာလရှည်အနားမယူရမီအချိန်အထိ ခြေစွမ်းပြကစားနိုင်ခဲ့သည်။

သို့သော် ရီဗာလ်ဒိုက နေမာမှာ ပြင်သစ်တွင် ကစားသမားဘ၀ အကောင်းဆုံးအနေအထားသို့ မရောက်ရှိနိုင်ဟု ခံစားရကြောင်း ဖွင့်ဟခဲ့သည်။

'' သင်ဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်လိုတယ်ဆိုရင်ပေါ့။ PSGအသင်းဟာ အင်အားကြီးမားပါတယ်။ ဒါပေမဲ့ သူတို့ဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာမရှိပါဘူး။ ပြီးတော့ ဥရောပမှာ အကောင်းဆုံးအသင်းလည်း မဟုတ်ပါဘူး။ ပြင်သစ်လိဂ်ဟာ အင်္ဂလန်၊ စပိန် သို့မဟုတ် ဂျာမနီတို့နဲ့ မတူလို့ ကျွန်တော် သူအမှား ကျူးလွန်ခဲ့တယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ သူနဲ့သူမိသားစုအတွက် စီးပွားရေးအရတော့ အလွန်တွက်ခြေကိုက်ပါတယ်''ဟု ရီဗာလ်ဒိုက စပိန်သတင်းစာ Sport သို့ပြောကြားခဲ့သည်။

Most Read

Most Recent