အာတီတာအား လာမည့်ရက်သတ္တပတ်အတွင်း အာဆင်နယ်အသင်းနည်းပြအဖြစ် တရားဝင်ခန့်အပ်မည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

အာတီတာအား လာမည့်ရက်သတ္တပတ်အတွင်း အာဆင်နယ်အသင်းနည်းပြအဖြစ် တရားဝင်ခန့်အပ်မည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Published 21 May 2018

 

 

Photos: Getty Images

အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်းတစ် ဦးဖြစ်သူ အာတီတာအား လာမည့်ရက်သတ္တပတ်အတွင်း အာဆင်နယ်အသင်းက နည်းပြသစ်အဖြစ် တရားဝင်ခန့် အပ်တော့မည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ လက်ရှိတွင် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း၌ ဂွါဒီယိုလာ၏လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေသူ အာတီတာ(၃၆ နှစ်)မှာ အာဆင်နယ်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ (၅)နှစ်ကြာကစားခဲ့သူ ဖြစ်သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အာတီတာအား နည်းပြသစ်အဖြစ်တာဝန်ပေးပြီးပါက အသင်း၏ အပြောင်းအရွှေ့ကိစ္စရပ်များတွင် လုပ်ပိုင်ခွင့်အပြည့် အဝပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အာတီတာ အား နည်းပြသစ်အဖြစ်ခန့်အပ်ရန် အသင်းအမှုဆောင် ချုပ် ဂါဇီဒစ်က ဆန္ဒပြင်းပြနေပြီး အသင်း၏ အဓိကရှယ်ယာရှင် စတန်ကရွန်ကီနှင့် သားဖြစ်သူ ဂျို့ရှ်ကရွန်ကီတို့ကို အောင်မြင်စွာစည်းရုံးနိုင်ခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းထုတ်ဝေခဲ့သော Daily Mail သတင်းစာတွင် အာဆင်နယ်အသင်းသည် အသင်း၏ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကို တွေ့ဆုံအင်တာဗျူးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း ၎င်းအား အသင်းနည်းပြရာထူးထက် အခြားရာထူးတစ်ခုခုခန့်အပ်ရန်အတွက် ဆွေးနွေးခြင်းဖြစ်သည်ဟု ပြီးခဲ့ ည့်တနင်္ဂနွေနေ့ထုတ် Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် အာတီတာနှင့်အပြိုင် အာ ဆင်နယ်နည်းပြရာထူးအတွက် ရေပန်းစားသူမှာ ဂျာမန်ကလပ် ဟော်ဖန်ဟင်မ်အသင်း၏ ဂျာမန်လူမျိုးနည်းပြ ဂျူလီယန်နာဂယ်စ်မန်းစ်ဖြစ်သည်။ သို့သော် သူ၏ကလပ် ဟော်ဖန်ဟင်မ် အသင်းတာဝန်ရှိသူများကမူ လူငယ်နည်း ပြတစ်ဦးဖြစ်သူ နာဂယ်စ်မန်းစ်(၃၀ နှစ်)ကို အသင်းမှ ထွက်ခွင့်ပေးရန် ဆန္ဒမရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းပစ်မှတ်ထားနေသော ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်မှာ လစာငွေ တောင်းဆိုမှုများပြားနေသလို၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီမှာလည်း သူ၏အသင်းကိုစွန့်ခွာဖွယ်မရှိပေ။ ထို့အတူ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျို အာချင်လိုးမှာလည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့၍ ဂျာမနီအသင်းတွင်သာ ဆက်ရှိမည်ဖြစ်ရာ အာဆင်နယ်အသင်းသည် ကွင်းလယ်လူဟောင်း အာတီတာကိုခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ လာမည့်ရက်သတ္တပတ်အတွင်း အာတီတာနှင့် သူ၏နည်းပြအဖွဲ့အား အာဆင်နယ် အသင်းက အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။