FA ဖလားဗိုလ်လုပွဲတွင် မင်းသား ဟယ်ရီနှင့် မက်ဂန်မာခယ်တို့၏မျက်နှာဖုံးများကို ပရိသတ်များဝတ်ဆင်

FA ဖလားဗိုလ်လုပွဲတွင် မင်းသား ဟယ်ရီနှင့် မက်ဂန်မာခယ်တို့၏မျက်နှာဖုံးများကို ပရိသတ်များဝတ်ဆင်
Published 21 May 2018

 

 

 

 

မနေ့က ကစားခဲ့သော FA ဖလားဗိုလ်လုပွဲတွင် ပရိသတ်အချို့သည် ဗြိတိန်မင်းသား ဟယ်ရီနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မျက်နှာပုံစံမျက်နှာဖုံးများကို ဝတ်ဆင်ခဲ့ကြကြောင်း သိရသည်။ တော်ဝင်မင်းသား ဟယ်ရီ(၃၃ နှစ်)နှင့် မက်ဂန်မာခယ်(၃၆ နှစ်)တို့သည် FA ဖလားဗိုလ်လုပွဲ ကစားသည့် မေလ(၁၉)ရက်နေ့တွင် ဝင်ဆာရဲတိုက်၌ လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့ကြသည်။

ယင်းမင်္ဂလာပွဲသို့ ဟယ်ရီ၏အစ်ကိုဖြစ်သူ မင်းသား ဝီလျံလည်း တက်ရောက်ခဲ့ပြီး သတို့သားအရံအဖြစ်ဆောင်ရွက်နေ၍ FA ဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ မင်းသားဝီလျံမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌရာထူးတာဝန်ယူထားသူဖြစ်ပြီး ယခင်နှစ်ဗိုလ်လုပွဲများကို တက်ရောက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ညီဖြစ်သူ၏ မင်္ဂလာပွဲကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရှိ အဓိကပုဂ္ဂိုလ်အချို့မှာလည်း ယင်းမင်္ဂလာပွဲ အခမ်းအနားသို့တက်ရောက်နေ၍ FA ဖလား ဗိုလ်လုပွဲကို လွဲချော်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးနှင့် မန်ယူတို့ကစားခဲ့သော FA ဖ လားဗိုလ်လုပွဲမတိုင်မီ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း Digital Board ၌ မင်းသား ဟယ်ရီနှင့် မက်ဂန်မာခယ်တို့၏မင်္ဂလာပွဲအတွက် ဆုတောင်းမေတ္တာပို့သသည့်စာများကို ရေးထိုးခဲ့သည်။

ဟယ်ရီနှင့် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲအခမ်းအနားသို့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်နှင့် ဇနီး ဗစ်တိုးရီးယား၊ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလျံအစရှိသည့် နာမည်ကျော် အားကစားသမားများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Most Read

Most Recent