ဝူရှူး နန်းချွမ်ပြိုင်ပွဲတွင် အေးသစ္စာမြင့် ငွေတံဆိပ်ဖြင့်သာကျေနပ်ခဲ့ရ

ဝူရှူး နန်းချွမ်ပြိုင်ပွဲတွင် အေးသစ္စာမြင့် ငွေတံဆိပ်ဖြင့်သာကျေနပ်ခဲ့ရ
Published 20 August 2017

 

Photo - အောင်မင်းသန့် 

(၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ ၏ အမျိုးသမီး ဝူရှူးပြိုင်ပွဲ နန်းချွမ်းပြိုင်ပွဲတွင် မြန်မာမှ အေးသစ္စာမြင့်သည် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

အေးသစ္စာဖြင့်သည် စုစုပေါင်းရမှတ်(၉.၆၄)မှတ်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုရရှိသွားသော အိမ်ရှင်မလေးရှားနှင့် ရမှတ်အနည်းငယ်သာ ကွာခြားခဲ့ကြောင်းသိရသည်။

ဝူရှူး နန်းချွမ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုကို မလေးရှားက ရမှတ်(၉.၆၆)မှတ်ဖြင့်ရရှိခဲ့ပြီး မြန်မာက ရမှတ်(၉.၆၄)၊ဗီယက်နမ်ကရမှတ်(၉.၆၃) မှတ်စီရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent