၂၀၁၇-၁၈ ရာသီတွင် စံချိန်တင်အဖြစ် ပရီးမီးယားလိဂ်နည်းပြ (၁၅) ဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့

၂၀၁၇-၁၈ ရာသီတွင် စံချိန်တင်အဖြစ် ပရီးမီးယားလိဂ်နည်းပြ (၁၅) ဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့
Published 20 May 2018

Photos: AFP

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကလပ်အသင်းများ၏ နည်းပြ အပြောင်းအလဲပြုလုပ်မှု စုစုပေါင်း (၁၅) ဦးအထိရှိပြီး စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဘောလုံးရာသီစတင်သည့် သြဂုတ် (၁ ရက်) မှ ပြိုင်ပွဲပြီးဆုံးသည့် မေ(၃၁ ရက်)အထိ ကလပ်အသင်းစုစုပေါင်း (၁၀) သင်းက နည်းပြ (၁၅) ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် အာဆင်နယ်အသင်းအား (၂၂) နှစ်ကြာကိုင်တွယ်ခဲ့သည့် သက်တမ်းအရင့်ဆုံးနည်းပြ အာစင်ဝင်းဂါးလည်းပါဝင်ခဲ့ပြီး စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိသော်လည်း လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘောလုံးရာသီယှဉ်ပြိုင်ကစားနေစဉ် ဖရန့်ဒီဘိုးဝါး(ပဲလေ့စ်)၊ ရှိတ်စပီးယား(လက်စတာ)၊ ရော်နယ်လ်ကိုးမင်း(အဲဗာတန်)၊ ဘီလစ် (ဝက်စ်ဟမ်း)၊ တိုနီပူးလစ်၊ အလန်ပါဂျူး (ဝက်စ်ဘရွန်း)၊ ပေါလ်ကလီမန့် (ဆွမ်ဆီး)၊ မာ့ခ်ဟုချ် (စတုတ်စီးတီး)၊ မာကိုဆေးလ်ဗား (ဝက်ဖို့ဒ်)၊ ပယ်လီဂရီနို (ဆောက်သမ်တန်) တို့ ထုတ်ပယ်ခံရပြီး ရာသီပြီးဆုံးချိန်တွင် ဆမ်အလာဒိုက်စ် (အဲဗာတန်) ထပ်မံထုတ်ပယ်ခံရသလို ဒေးဗစ်မွိုက်စ်(ဝက်စ်ဟမ်း)၊ ကာဗာဟယ်လ်(ဆွမ်ဆီး) နှင့် ပေါလ်လမ်းဘတ် (စတုတ်စီးတီး) တို့ လမ်းခွဲခဲ့သည်။ ယင်းပမာဏမှာ၂၀၁၃-၂၀၁၄ ရာသီ (၁၃ ဦး) နောက်ပိုင်း နည်းပြအပြောင်းအလဲအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

■ ယခုရာသီတွင် အသင်းနှင့်လမ်းခွဲခဲ့သည့် ပရီးမီးယားလိဂ်နည်းပြများ

အမည်                        အသင်း                       အကြောင်းအရာ
ဖရန့်ဒီဘိုးဝါး              ပဲလေ့စ်                             ထုတ်ပယ်
ရှိတ်စပီးယား             လက်စတာ                      ထုတ်ပယ်
ရော်နယ်လ်ကိုးမင်း    အဲဗာတန်                         ထုတ်ပယ်
ဘီလစ်                     ဝက်စ်ဟမ်း                        ထုတ်ပယ်
တိုနီပူးလစ်               ဝက်စ်ဘရွန်း                     ထုတ်ပယ်
ကလီမန့်                   ဆွမ်ဆီး                            ထုတ်ပယ်
မာ့ခ်ဟုချ်                  စတုတ်စီးတီး                     ထုတ်ပယ်
မာကိုဆေးလ်ဗား          ဝက်ဖို့ဒ်                         ထုတ်ပယ်
ပယ်လီဂရီနို              ဆောက်သမ်တန်             ထုတ်ပယ်
အလန်ပါဂျူး               ဝက်စ်ဘရွန်း                    ထုတ်ပယ်
ဆမ်အလာဒိုက်စ်          အဲဗာတန်                      ထုတ်ပယ်
ဒေးဗစ်မွိုက်စ်               ဝက်စ်ဟမ်း                      လမ်းခွဲ
ကာဗာဟယ်လ်              ဆွမ်ဆီး                         လမ်းခွဲ
ပေါလ်လမ်းဘတ်            စတုတ်စီးတီး                လမ်းခွဲ
အာစင်ဝင်းဂါး              အာဆင်နယ်                     လမ်းခွဲ

Most Read

Most Recent