လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

  လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 May 2018

Photo: AFP

■  ဗလင်စီယာ နှင့် ဒီပို့တီဗို   (၂၀-၅-၂၀၁၈) တနင်္ဂနွေ ညနေ ၄း၃၀ နာရီ

ဗလင်စီယာအတွက်တော့ အိမ်ကွင်းနောက်ဆုံးပွဲမှာ အခက်အခဲမရှိနိုင်ပါဘူး။ ရာသီပိတ်အိမ်ကွင်းပွဲကိုတော့ စိတ်အေးအေးကစားပြီး အနိုင်နဲ့ နှုတ်ဆက်ဖို့ပဲကြိုးစားမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီးပြီဖြစ်လို့လည်း လူငယ်တွေနဲ့ အပြောင်းအလဲလုပ်လာနိုင်တယ်။ ဒီပို့တီဗိုကတော့ ခြေစွမ်းရောစိတ်ဓာတ် ပါကျဆင်းနေပါတယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲရွေးထားမယ်။

■  ဘီလ်ဘာအို နှင့် အက်စ်ပန်ညို   (၂၀-၅-၂၀၁၈) တနင်္ဂနွေ ည ၈း၄၅ နာရီ

အက်စ်ပန်ညိုကတော့ ရာသီသိမ်းခါနီးမှာ နိုင်ပွဲတွေယူပြနေတယ်။ ဘီလ်ဘာအိုကလည်း ရာသီသိမ်းခါနီးခြေမမှန်ပေမယ့် အိမ်ကွင်းကစားအားတော့ မဆိုးလှဘူး။ နှစ်သင်းစလုံးကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ပုံမှန်လောက်ပဲကစားသွားဖို့ရှိနေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

■  အက်သလက်တီကို နှင့် အီဘာ   (၂၀-၅-၂၀၁၈) တနင်္ဂနွေ ည ၁၁း၀၀ နာရီ

ယူရိုပါလိဂ်ဗိုလ်လုပွဲကစားထားရတဲ့ အက်သလက်တီကို ရဲ့အားထုတ်မှုအပေါ်ပဲ အဓိကစောင့်ကြည့်ရမယ့်ပွဲလို့ထင်တယ်။ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ အက်သလက်တီကို ပိုပြီးအားထုတ်လာနိုင်တယ်။ ဒါပေမဲ့ ပွဲပန်းနေနိုင်လို့ ထိန်းကစားသွားဖို့ရှိနေတယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲထင်တယ်။

■  ဘာစီလိုနာ နှင့် ဆိုစီဒက်   (၂၁-၅-၂၀၁၈) တနင်္လာ နံနက် ၁း၁၅ နာရီ

လီဗန်တေးနဲ့ပွဲမှာ ခံစစ်အတွင်းလူနှစ်ယောက်ကို တစ်ပြိုင်တည်းအပြောင်းအလဲလုပ်ပြီး စမ်းသပ်လိုက်တဲ့ဒဏ်ကို ဘာစီလိုနာ ခံလိုက်ရသလိုပါပဲ။ မက်ဆီကိုမသုံးခဲ့ပေမယ့် တိုက်စစ်က ဂိုးတွေရအောင်သွင်းနိုင်ခဲ့သလောက် ခံစစ်ကတော့ ဒီရာသီအတွက် အဆိုးရွားဆုံးဖြစ်ခဲ့ရတယ်။ ခံစစ်မှာ အမ်တီတီနဲ့ ပီကေးနှစ်ယောက်စလုံးကို အနားပေးပြီး ဗာမယ်လန်းနဲ့ ယာရီမီနာတို့နှစ်ဦးကို ထုတ်သုံးကြည့်ခဲ့တဲ့ နည်းပြဗယ်လ်ဗာဒီလည်း တရားခံဖြစ်သွားခဲ့ရတယ်။ ဒါကြောင့် အခုအိမ်ကွင်းမှာ ကစားရမယ့်နောက်ဆုံး နှုတ်ဆက်ပွဲကိုတော့ ဘာစီလိုနာ အမှားခံတော့မှာမဟုတ်ဘူး။ လူစုံတက်စုံထုတ်ပြီး နောက်ဆုံးနိုင်ပွဲနဲ့ ပရိသတ်ကိုဖြေသိမ့်နိုင်ဖို့ နောက်ဆုံးနိုင်ပွဲနဲ့ ဘာစီလိုနာကြိုးစားလာလိမ့်မယ်။ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းနဲ့ဆိုရင်တော့ ဆိုစီဒက်ရဲ့ လက်ရှိအဝေးကွင်းကစားအားနဲ့ တောင့်ခံနိုင်ဖို့မရှိပါဘူး။ ဆိုစီဒက်က အိမ်ကွင်းကစားအားကောင်းသလောက် ရာသီသိမ်းခါနီးမှာ အဝေးကွင်းကစားအား တော်တော်လေးဆိုးနေတယ်။ အဝေးကွင်းမှာ သရေရဖို့တောင် မနည်းရုန်းကန်နေရပြီး တိုက်စစ်ကလည်း ဂိုးရဖို့အတော်ခက်နေတယ်။ ဘာစီလိုနာရဲ့ သွင်းဂိုးတွေကိုပဲ အဓိကစောင့်ကြည့်ရမယ့်ပွဲပါ။

Most Read

Most Recent