နှစ်ပေါင်း (၃၀)အကြာတွင် ဂျာမန်ဖလားအား ဖရန့်ဖတ်အသင်း ပြန်လည်ဆွတ်ခူး

နှစ်ပေါင်း (၃၀)အကြာတွင် ဂျာမန်ဖလားအား ဖရန့်ဖတ်အသင်း ပြန်လည်ဆွတ်ခူး
Published 20 May 2018

ဂျာမန်ဖလား ချန်ပီယံ ဖရန့်ဖတ်အသင်း (Photo: AFP)

ဂျာမန်ဖလား ဗိုလ်လုပွဲကို မေလ (၂၀)ရက်နေ့က ကျင်းပခဲ့ရာ ဖရန့်ဖတ်အသင်းက ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ဂျာမန်ဖလားအား (၅)ကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။

ဖရန့်ဖတ်အသင်းသည် ဂျာမန်ဖလားအား ၁၉၈၈ ခုနှစ်တွင် နောက်ဆုံးအကြိမ်ဗိုလ်စွဲခဲ့ပြီး နှစ်ပေါင်း (၃၀)အကြာတွင် မှ တစ်ကျော့ပြန် ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုပွဲစဉ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေခဲ့သော်လည်း ဖရန့်ဖတ်အသင်းအား မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဖရန့်ဖတ်အသင်းအတွက် ဂိုးများကို ပွဲချန် (၁၁၊ ၈၂) မိနစ်များတွင် ရီဘစ်၊ ပွဲချိန် မိနစ် (၉၀)တွင် ဂါစီနိုဗစ်တို့က သွင်းယူပေးခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသောချေပဂိုးကို ပွဲချိန် (၅၃)မိနစ်တွင် တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူခဲ့ခြင်းဖြစ်သည်။

 

ဂျာမန်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းများ

အသင်း                 ချန်ပီယံ              ဒုတိယ

ဘိုင်ယန်မြူးနစ်       ၁၈                       ၄

ဝါဒါဘရီမင်              ၆                         ၄

ရှော်လ်ကေး             ၅                        ၇

ကိုလုံး                       ၄                        ၆

ဒေါ့မွန်                      ၄                        ၅

နုရင်ဘတ်                ၄                       ၂

Most Read

Most Recent