အုပ်စုတွင်း တတိယပွဲတွင် မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

အုပ်စုတွင်း တတိယပွဲတွင် မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်
Published 20 August 2017

 

photo - ညီညီစိုးညွန့်

ဆီးဂိမ်းအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုတွင်း တတိယပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ် အမျိုးသမီးအသင်းကို (၃-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်မျှော်မှန်းထားသောမြန်မာအမျိုးသမီးအသင်းအတွက် ယခုပွဲစဉ်သည် အဆုံးအဖြတ်ဖြစ်ခဲ့သော ကြောင့် ဗီယက်နမ်ကို လူစာရင်းအပြည့်အစုံဖြင့် ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းပွဲကစားချိန်အတွင်း ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၁-ဝ)ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲကစားချိန်(၆၄)မိနစ်တွင် ဝင်းသီ ၤထွန်းက ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲကစားချိန်၏ နောက်ဆုံးမိနစ်များတွင် ဗီယက်နမ်အသင်းက ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင်(၃-၁)ဂိုးဖြင့် မြန်မာအမျိုးသမီးအသင်းရှုံးနိမ့်ခဲ့သည်။ယခုပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့ခဲ့သော မြန်မာအမျိုးသမီးအသင်းသည်ရွှေတံဆိပ်ရရန်အတွက် ခက်ခဲသွားပြီးဖြစ်သည်။

 

Most Read

Most Recent