ဆောက်သမ်တန်ကွင်းလယ်တိုက်စစ်သမား ဘူဖယ်လ်သည် ပရီးမီးယားလိဂ်မှ ချီးမြှင့်သည့် ၂၀၁၇-၁၈ ရာသီအတွက် အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။
ဘူဖယ်လ်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက (၂၁)ရက်က ဝက်စ်ဘရွန်းဘက်ကို သွင်းယူခဲ့သည့် ဂိုးဖြင့် ရာသီအလိုက် အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဝက်စ်ဘရွန်း(ဝ-၁)ဆောက်သမ်တန်ပွဲတွင် ဘူဖယ်လ်သည် ဆောက်သမ်တန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်(၈၅)မိနစ်တွင် ကိုက်(၇၀)နီးပါး ဘောလုံးဆွဲပြေးကာ ဝက်စ်ဘရွန်းအသင်းနောက်ခံလူများကို လိမ်ခေါက်ပြီး ဧရီယာထိပ်မှ ဝက်စ်ဘရွန်းဂိုးသမား ဖော်စတာ၏ ဘယ်ဘက်ထောင့်ထဲသို့ မြေလှိမ့်ဘော ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။
ယင်းဂိုးမှာ ဆောက်သမ်တန်အသင်းအတွက်လည်း အရေးပါသောဂိုးတစ်ဂိုး ဖြစ်ခဲ့ပြီး၊ ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် ဒန်နီရယ်၊ ရွန်နီ၊ ဗလန်စီယာတို့၏ ဂိုးများကို ကျော်ကာ ပရီးမီးယားလိဂ်ရာသီအလိုက် အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး(၅)ရာသီအတွင်း ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုကို ရရှိခဲ့သူများ
-------------------------------------------------------------------------------
ရာသီ ကစားသမား ဂိုးသွင်းခဲ့သည့် ပွဲစဉ်
၂၀၁၆-၁၇ ချန် လီဗာပူးလ်-ဝက်ဖို့ဒ်
၂၀၁၅-၁၆ အယ်လီ စပါး-ခရစ္စတယ်ပဲလေ့စ်
၂၀၁၄-၁၅ ဝီလ်ရှိုင်းယား အာဆင်နယ်-ဝက်စ်ဘရွန်း
၂၀၁၃-၁၄ ဝီလ်ရှိုင်းယား အာဆင်နယ်-နောဝှစ်ချ်
၂၀၁၂-၁၃ ဗန်ပါစီ မန်ယူ-အက်စတွန်ဗီလာ