ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု တတိယနေ့ပွဲစဉ် သုံးသပ်ချက်

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု တတိယနေ့ပွဲစဉ် သုံးသပ်ချက်
Published 20 August 2017

 

မြန်မာ - ဗီယက်နမ်
အချိန် - မွန်းလွဲ ၂း၃၀ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း - UM Stadium၊

photo - ညီညီစိုးညွန့်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု
မြန်မာ ၁-၂ ဗီယက်နမ် ၂၀၁၃ ပြိုင်ပွဲ
မြန်မာအမျိုးသမီးအသင်းအတွက် အရေးပါတဲ့ပွဲဖြစ်ပါတယ်။ နှစ်ပွဲကစားအပြီးမှာ သုံးမှတ်ပဲရသေးတဲ့ မြန်မာအမျိုးသမီးအသင်းအတွက် အခုပွဲအနိုင်ရမှ ချန်ပီယံမျှော်လင့် နိုင်မှာဖြစ်ပြီး နိုင်ပွဲပျောက်ဆုံးခဲ့မယ်ဆိုရင်တော့ ချန်ပီယံအိပ်မက် အဆုံးသတ်သွားရမှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိပေမယ့် မြန်မာအသင်းဟာ အသင်းကြီးတွေနဲ့ တွေ့ရင် ဖိအားဝင်သွားတတ်ပြီး ကစားနေကျအတိုင်း မကစားနိုင်တော့ဘဲ အမှားတွေ ဆက်တိုက်ကျူးလွန်လေ့ရှိပါတယ်။ မြန်မာအသင်းအနေနဲ့ ဖိဖိစီးစီးကစားပြီး အမှားနည်း မယ်ဆိုရင်တော့ အမှတ်မျှော်လင့်နိုင်ပြီး နည်းပြရဲ့ နည်းဗျူဟာမှန်ကန်ခဲ့ရင်တော့ အနိုင်ရနိုင် ချေရှိပါတယ်။ မြန်မာအသင်း မရှုံးနိုင်ပါဘူး။

Most Read

Most Recent