အောင်မြင်မှုရရန် စွမ်းဆောင်နိုင်မည်ဟု အန်တွမ်နီဟေး ယုံကြည်

အောင်မြင်မှုရရန် စွမ်းဆောင်နိုင်မည်ဟု အန်တွမ်နီဟေး ယုံကြည်
Published 17 May 2018

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် အန်တွမ်နီဟေးက ၎င်းအနေဖြင့်  မြန်မာအသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောကြားသည်။

အန်တွမ်နီဟေးက “မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တဲ့အတွက် MFF က တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ မြန်မာအသင်းရဲ့ ကစားပုံကို ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက် တက်အသင်းနဲ့ခြေစမ်းပွဲမှာ ကြည့်ခဲ့ရပါတယ်။ မြန်မာအသင်းမှာ လူငယ်တွေများပြီး အရည်အချင်းရှိတဲ့သူတွေရှိပါတယ်။ ကျွန်တော့်အနေနဲ့ မေ ၂၆ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် တရုတ်အသင်းနဲ့ ခြေစမ်းပွဲအတွက် လာမယ့်အပတ်မှာ လေ့ကျင့်မှု စတင်ပြုလုပ်မှာပါ။ ကစားသမားရွေးချယ်တဲ့နေရာမှာ အသက်အရွယ်ထက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုပဲ ကြည့်မှာပါ။ ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တာကြောင့် မြန်မာအသင်းနည်းပြရာထူးကို လက်ခံခဲ့တာပါ။ မြန်မာအသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ အချိန်ယူပြီး ပြင်ဆင်မှာပါ” ဟု ပြောကြားသည်။

Most Read

Most Recent