၂၀၀၃-၀၄ ရာသီနဲ့နောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြစ်ခဲ့ပေမယ့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်

၂၀၀၃-၀၄ ရာသီနဲ့နောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြစ်ခဲ့ပေမယ့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်
Published 20 August 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၂) စနေည နောက်ဆုံးပွဲစဉ်အဖြစ် စတုတ်စီးတီးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး စတုတ်စီးတီးအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စတုတ်စီးတီးအသင်းမှာ ဟယ်ဆေး၊ ချူပိုမိုတင်၊ ဖလက်ချာ၊ ဇူးမားတို့လို ကစားသမားသစ်တွေ အများကြီး ပါဝင်ခဲ့ပေမယ့် အသင်းနဲ့ အလျင်အမြန် အံဝင်ခွင်ကျဖြစ်ခဲ့တာ တွေ့ရပြီး အာဆင်နယ်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။

အာဆင်နယ်အသင်းက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၇.၃)ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ၂၀၀၃-၀၄ နောက်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံးပွဲဖြစ်ခဲ့ပေမယ့် စတုတ်စီးတီးခံစစ်ကိုတော့ မကျော်ခဲ့ပါဘူး။

ဝဲလ်ဘက်၊ ဘယ်လာရင်တို့ရဲ့ ဘယ်အခြမ်းတိုက်စစ်ကို အာဆင်နယ်အသင်း အဓိက အားပြုပြီး ထိုးဖောက်ခဲ့ပြီး စတုတ်စီးတီးအသင်းရဲ့ ညာတောင်ပံခံစစ်ကစားသမား ဂျု့ဖ်နဲ့ နောက်ခံလူ ဇူးမားတို့က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

စတုတ်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တိုက်စစ်မှူးသစ် ဟယ်ဆေးက (၄၇)မိနစ်မှာ ဘီရာဟီနိုရဲ့ ပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချေပဂိုးရဖို့အတွက် အပြောင်းအလဲတွေလုပ်ခဲ့ပြီး ကိုလာရှီနက်၊ လာကာဇက်၊ ချာကာတို့အစား ဂျရူး၊ ဝေါလ်ကော့၊ အီဝိုဘီတို့ကို ထည့်သွင်းခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ စတုတ်စီးတီးအသင်းက တစ်သင်းလုံးနီးပါး ပိတ်ဆို့ကာကွယ်သွားခဲ့ပြီး အနိုင်ဂိုးကို ထိန်းသိမ်းသွားခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဆွမ်ဆီး ဝ-၄ မန်ယူ
ဘုန်းမောက် ဝ-၂ ဝက်ဖို့ဒ်
ဘန်လေ ဝ-၁ ဝက်စ်ဘရွန်း
လက်စတာ ၂-၀ ဘရိုက်တန်
လီဗာပူးလ် ၁-၀ ခရစ္စတယ်ပဲလေ့စ်
ဆောက်သမ်တန် ၃-၂ ဝက်စ်ဟမ်း
စတုတ်စီးတီး ၁-၀ အာဆင်နယ်

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ရှက်ဖီးယူနိုက်တက် ၁-၀ ဘန်စလေ
အက်စတွန်ဗီလာ ၄-၂ နောဝစ်ချ်
ဘော်လ်တန် ၁-၂ ဒါဘီ
ဘရစ္စတိုးလ်စီးတီး ဝ-၀ မီဝေါလ်
ဖူလ်ဟမ် ဝ-၁ ရှက်ဖီးဝင်းစ်ဒေး
အစ်ဝစ်ချ် ၂-၀ ဘရန့်ဖို့ဒ်
နော်တင်ဟမ် ၂-၁ မစ်ဒယ်ဘရော့
ပရက်စတန် ၁-၀ ရက်ဒင်း
QPR ၂-၁ ဟားလ်စီးတီး
ဝုလ်ဗ် ၁-၂ ကာဒစ်ဖ်
ဆန်းဒါးလန်း ဝ-၂ လိဒ်စ်

■ ဘွန်ဒစ်လီဂါ ရလဒ်များ
ဟော်ဖန်ဟင်မ် ၁-၀ ဝါဒါဘရီမင်
ဟာသာဘာလင် ၂-၀ စတုဂတ်
ဟမ်းဘတ် ၁-၀ အော့စ်ဘတ်
မိန့်ဇ် ဝ-၁ ဟန်နိုဗာ
ဝုလ်ဖ်ဘတ် ဝ-၃ ဒေါ့မွန်
ရှော်လ်ကေး ၂-၀ လိုက်ပ်ဇစ်

■ ပြင်သစ်လီဂူး ရလဒ်
လိုင်ယွန် ၃-၃ ဘော်ဒိုး

အာဆင်နယ်အသင်းဘက်သို့ စတုတ်စီးတီး တိုက်စစ်မှူး ဟယ်ဆေး ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (Photo: AFP)

Most Read

Most Recent