လာမည့်နွေရာသီတွင် မန်စီးတီးအသင်း ငွေကြေးများစွာသုံးစွဲမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု

လာမည့်နွေရာသီတွင် မန်စီးတီးအသင်း ငွေကြေးများစွာသုံးစွဲမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု
Published 17 May 2018

 

 

 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းအနေဖြင့် ငွေကြေးများစွာသုံးစွဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းသို့ ရောက်ရှိလာသည့် ၂၀၁၆ နွေရာသီမှစ၍ အီဒါဆန်၊ မန်ဒီ၊ ဂျေးဆူ၊ ကိုင်လီဝေါ်လ်ကာ၊ ဂွန်ဒိုဂန်အစရှိ သည့်ကစားသမားများကို ငွေကြေးများစွာသုံးစွဲကာ ခေါ်ယူခဲ့ပြီး သူသုံးစွဲခဲ့သည့်ငွေကြေးမှာ ပေါင်သန်း(၄၅၀)ခန့်ရှိသည်။

ဂွါဒီယိုလာက နှစ်စဉ်နှစ်တိုင်း အသင်းအား ပေါင်သန်း(၃၀၀)ခန့်သုံးစွဲကာ ရင်းနှီးမြှုပ်နှံရန်မလိုအပ်ကြောင်း၊ အသင်းတွင် ကစားသမားအနည်းငယ်သာ ထပ်မံအားဖြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာက အသင်း၏ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ " လူတွေက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတာ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံတာကြောင့်လို့ ပြောကြပါတယ်။ ဒါလည်း မှန်ပါတယ်။ ကျွန်တော်တို့ ငွေအများကြီးရင်းနှီးခဲ့ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ ကျွန်တော်တို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ သိပ်ပြီးပြုလုပ်တော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီတွေမှာ လိုအပ်တဲ့က စားသမားတွေကို ဝယ်ယူပြီးဖြစ်တာကြောင့်ပါ။ ဒီနွေရာသီမှာ ယာယာ(တိုရေး)အသင်းက ထွက်ခွာတာကြောင့် သူ့နေရာ အစားထိုးရပါမယ်။ ကျွန်တော်တို့အနေနဲ့ ကစားသမား(၂)ယောက်၊ (၃)ယောက်လောက်ပဲ ခေါ်ယူသွားမှာပါ။ အသင်းအနေနဲ့ ရာသီတိုင်းမှာ ပေါင်သန်း (၃၀၀)လောက် အမြဲတမ်းသုံးစွဲနေဖို့ မလိုအပ်ပါဘူး" ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလက ကစားသမား(၅)ဦးအတွက် ပေါင်သန်း (၂၀၀)နီးပါးအထိ သုံးစွဲခဲ့သည့်အသင်းဖြစ်သည်။

Most Read

Most Recent