ကစားသမားကောင်းများဝယ်ယူရန် ဟာဇက် တောင်းဆို

ကစားသမားကောင်းများဝယ်ယူရန် ဟာဇက် တောင်းဆို
Published 17 May 2018

 

Photo: Foundation Sports

 

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်က အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ကစားသမားကောင်းများ ဝယ်ယူအားဖြည့်သင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းကခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် ဟာဇက်က " လာမယ့်နွေ ရာသီမှာ အသင်းအနေနဲ့ ကစားသမားသစ်တွေ ဖြည့်တင်းတာကို ကျွန်တော် စောင့်နေပါတယ်။ ချယ်လ်ဆီးအသင်းကို ကစားသမားကောင်းတွေ ခေါ်ယူဖြည့်တင်းစေဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အသင်းကိုင်မြှောက်တာ ကျွန်တော် မြင်တွေ့ချင်ပါတယ်" ဟု ပြောကြားခဲ့ သည်။

ချယ်လ်ဆီးအသင်းသည် ဟာဇက်ကို တစ်ပတ်လစာငွေ ပေါင်(၃)သိန်း ဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်။

 

Most Read

Most Recent