စတိဗ်ဘိုးလ်အား စတုတ်စီးတီး ခေါ်ယူရန် ပစ်မှတ်ထား

စတိဗ်ဘိုးလ်အား စတုတ်စီးတီး ခေါ်ယူရန် ပစ်မှတ်ထား
Published 17 May 2018

 

Photo: YouTube

 

ပရီးမီးယားလိဂ်မှတန်းဆင်းသွားသော စတုတ်စီးတီးအသင်းသည် အာဆင်နယ်အသင်း၏ လက်ထောက်နည်းပြ စတိဗ်ဘိုးလ်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းမှ ဝါရင့်နည်းပြ အာစင်ဝင်းဂါး ထွက်ခွာသွားသော်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လက်ထောက်နည်းပြ စတိဗ်ဘိုးလ်နှင့် နည်းပြအဖွဲ့ဝင် ယန်းလေမန်းတို့ကို အသင်း၌ ဆက်လက်ထားရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။

သို့ သော် စတုတ်စီးတီးအသင်းက ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စတုတ်စီးတီးအသင်းတွင်ကစားခဲ့ဖူးသော စတိဗ်ဘိုးလ်ကို နည်းပြအဖြစ်ခန့်အပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent