ဝက်စ်ဟမ်းအသင်းနှင့် နည်းပြ ဒေးဗစ်မွိုက်စ် လမ်းခွဲ

ဝက်စ်ဟမ်းအသင်းနှင့် နည်းပြ ဒေးဗစ်မွိုက်စ် လမ်းခွဲ
Published 17 May 2018

ဝက်စ်ဟမ်းအသင်းနှင့် လမ်းခွဲခဲ့သည့် နည်းပြဒေးဗစ်မွိုက်စ် Photo:AFP

ဝက်စ်ဟမ်းအသင်းသည် အသက် (၅၅)နှစ်အရွယ်နည်းပြ ဒေးဗစ်မွိုက်စ်နှင့် လမ်းခွဲခဲ့ကြောင်း သိရသည်။

နည်းပြဒေးဗစ်မွိုက်စ်သည် ပြီးခဲ့သည့်တနင်္လာနေ့၌ ဝက်စ်ဟမ်းအသင်းထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အသင်းနှင့် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။

ဝက်စ်ဟမ်းအသင်းပူးတွဲဥက္ကဋ္ဌ ဆူလီဗန်က စိတ်လှုပ်ရှားဖွယ်ကောင်းမွန်သော အနာဂတ်အတွက် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ဒေးဗစ်မွိုက်စ်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း၌ တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ဝက်စ်ဟမ်းအသင်းကို ရာသီကုန်ဆုံးချိန်တွင် တန်းမဆင်းရစေရန် ဦးဆောင်ပေးခဲ့သူဖြစ်သည်။

ဝက်စ်ဟမ်းနည်းပြဘ၀ ဒေးဗစ်မွိုက်စ်၏ မှတ်တမ်း
ပွဲ - ၃၁ ပွဲ
နိုင်ပွဲ - ၉ ပွဲ
သရေ - ၁၀ ပွဲ
ရှုံးပွဲ - ၁၂ ပွဲ
နိုင်ပွဲရာခိုင်နှုန်း - ၂၉ ရာခိုင်နှုန်း

Most Recent