အင်နီယေစတာနှင့် တွေ့ဆုံခြင်း

အင်နီယေစတာနှင့် တွေ့ဆုံခြင်း
Published 16 May 2018

 

Photos: AFP, Sport English

 

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အင်နီယေစတာကို ဂုဏ်ပြုသည့်အနေဖြင့် ဘေးတစောင်းလှဲကာ ကျောနံပါတ်(၈)ရေးထိုးထားသည့် အထူးဂျာစီကို ထုတ်လုပ်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဘာစီလိုနာကို တစ်ချိန်ချိန်ပြန်လာမည်ဟုအင်နီယေစတာက ပြောဆိုခဲ့သည်။

■ လာမာစီယာ
လာမာစီယာကို ကျွန်တော့်မိဘတွေ ပို့ပေးခဲ့တာပါ။ နောက်ပိုင်း အဖေက ပြန်ခေါ် ဖို့လုပ်ပေမယ့် အမေက ကျွန်တော့်ကို အဲဒီမှာပဲ နေစေခဲ့တယ်။

■ ၂၀၁၀ ကမ္ဘာ့ဖလား အနိုင်ဂိုး
မဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ဖာဘရီဂတ်စ် ပေးလိုက်တဲ့ ဘောလုံး ကျွန်တော့်ဆီရောက်တာနဲ့ တစ်ကွင်းလုံး တိတ်ဆိတ်နေတာပါ။ စက္ကန့်ပိုင်းကြာလို့ အသံတွေကြားတော့မှ ငါ ကမ္ဘာ့ဖလားပိုင်ဆိုင်မယ့်ဂိုး သွင်းလိုက်တာပါ လားလို့ သဘောပေါက်တော့တယ်။

■ ဘာစီလိုနာကို စွန့်ခွာခြင်း
ဒီအချိန်က လမ်းခွဲဖို့ အကောင်းဆုံးလို့ ထင်တယ်။ ကျွန်တော် ဒီထက်ပိုပြီး ဘာစီလိုနာအတွက် စွမ်းဆောင်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ဒီလို ဆုဖလားတွေ၊ အပြုံးတွေနဲ့ လမ်းခွဲချင်တယ်။ ဖြစ်နိုင်ရင်တော့ ဘာစီ လိုနာမှာ (၁၀)နှစ်ကျော်လောက်ကို ကစားချင်သေးတာပေါ့ဗျာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးလေ။

■ အနာဂတ်
တရုတ်နဲ့ ဂျပန်နိုင်ငံထဲက (၁)နိုင်ငံ ဖြစ်နိုင်ပါတယ်။ အားလုံးကို ကျွန်တော် တွက်ဆနေပါတယ်။ နောက်တစ်ပတ်ဆို အားလုံး ရှင်းရှင်းလင်းလင်းသိရမှာပါ။ ဒါပေမဲ့ ကျွန်တော် ဒီကထွက်သွားတာဟာ ကစားသမားဘဝက အနားယူတယ်လို့ မဆိုလိုပါဘူး။ ဘောလုံးကို နှစ်ပေါင်းများစွာ ဆက်ကစားချင်လို့ ဖြစ်ပါတယ်။

■ နည်းပြလုပ်မှာလား
အနာဂတ်မှာ ဘာစီလိုနာကို ပြန်လာနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါ (ဘာစီလိုနာ)က ကျွန်တော့်အိမ်ပါ။ ဒီမှာ ကျွန်တော် ပျော်ပါတယ်။ နည်းပြ အလုပ်ကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ နောက်ထပ်နှစ်အနည်းငယ်လောက်တော့ ကျွန်တော် ဘောလုံးကစားပါဦးမယ်။

Most Read

Most Recent