w ဂါရတ်ဘေးလ်၏ဈေးကွက်တန်ဖိုးက အစ္စကိုနှင့် အဆန်စီယိုထက် နည်းပါးနေ - Eleven Media Group <

ဂါရတ်ဘေးလ်၏ဈေးကွက်တန်ဖိုးက အစ္စကိုနှင့် အဆန်စီယိုထက် နည်းပါးနေ

 

Photo: AFP

 

ရီးယဲလ်မက်ဒရစ်အသင်းမှ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်၏ ဈေးကွက်တန်ဖိုးမှာ အသင်းဖော်များဖြစ် သည့် အစ္စကို၊ အဆန်စီယိုတို့ထက် နည်းပါးနေကြောင်း သိရသည်။

ကစားသမားများ၏ခြေစွမ်းကို ကြည့်ပြီး ဈေးကွက်တန်ဖိုးကို တွက်ချက်သည့် Transfermarket.com ၏ဖော်ပြချက်အရ ဘေးလ်၏တန်ဖိုးမှာ ယူရိုသန်း(၇၀)သာရှိပြီး အစ္စကိုနှင့် အဆန်စီယိုတို့၏ ဈေးကွက်တန်ကြေးမှာ ယူရို(၇၅)သန်း ရှိနေကြောင်း သိရှိရသည်။

ဘေးလ်ထက် တန်ဖိုးကြီးသည့် ကစားသမား (၂၅)အထိ ရှိနေပြီး၊ မက်ဆီနှင့် နေမာတို့က ယူရိုသန်း (၁၈၀)သန်းဖြင့် Transfermarket.com တွင် တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်နေသည်။ စီရော်နယ်လ်ဒိုက ယူရိုသန်း(၁၂၀)ဖြင့် တတိယနေရာတွင် ရှိနေသည်။

Transfermarket.com ၏တန်ကြေးအမြင့်ဆုံး ဘောလုံးသမား(၁၀)ဦး

ဘောလုံးသမား     ဈေးကွက်တန်ဖိုး(ယူရို)
၁။ နေမာ (PSG) – ၁၈၀ သန်း
၂။ မက်ဆီ(ဘာစီလိုနာ) – ၁၈၀ သန်း
၃။ စီရော်နယ်လ်ဒို(ရီးယဲလ်မက်ဒရစ်) – ၁၂၀ သန်း
၎။ ဘာပေ (PSG) – ၁၂၀ သန်း
၅။ ဟာရီကိန်း (စပါး) – ၁၂၀ သန်း
၆။ ဒီဘရိုင်းနား (မန်စီးတီး) – ၁၁၀ သန်း
၇။ ဒီဘားလား (ဂျူဗင်တပ်စ်) – ၁၀၀ သန်း
၈။ ဂရစ်ဇ်မန်း (အက်သလက်တီကို) – ၁၀၀ သန်း
၉။ ကော်တင်ဟို(ဘာစီလိုနာ) – ၁၀၀ သန်း
၁၀။ ဟာဇက် (ချယ်လ်ဆီး) – ၁၀၀ သန်း

 

May 16, 2018














Copy Protected by Chetan's WP-Copyprotect.