<

စပါးအသင်းနှင့်ပွဲတွင် ဘာကာယိုကို ပွဲထွက်ကစားဖွယ်ရှိနေ

 

ချယ်လ်ဆီးကွင်းလယ်လူသစ် ဘာကာယိုကိုသည် သြဂုတ်(၂၀)ရက်တွင် ယှဉ်ပြိုင်ကစားမည့် စပါးအသင်းနှင့်လန်ဒန်ဒါဘီပွဲစဉ်တွင် အသင်းသစ်နှင့်အတူ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ DailyMail က ဖော်ပြခဲ့သည်။

သြဂုတ် ၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ချယ်လ်ဆီး နည်းပြ ကွန်တီက သူ့အနေဖြင့် အသင်း၏ ဒဏ်ရာနှင့် ပွဲပယ်ပြဿနာများကြောင့် ဘာကာယိုကိုကို တွန်းအားပေးကစားခိုင်းဖွယ် ရှိကြောင်း ၀န်ခံခဲ့သည်။

“ဘာကာယိုကိုရဲ့ အခြေအနေဟာ အလွန်တိုးတက်နေပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုတော့ မရသေးဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကို စပါးနဲ့ပွဲမှာ ထည့်သွင်းက စားဖို့ စဉ်းစားထားပါတယ်”ဟု ကွန်တီက ပြောကြားခဲ့သည်။

Photo: AFP/Getty Images

ထို့ပြင် ကွန်တီက ချယ်လ်ဆီးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း၊ သို့မဟုတ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်သည့် အသင်းဖြစ်လာရေးအတွက် တည်ဆောက်ရန် လေးနှစ်ခန့်အချိန်လိုမည်ဟု သုံးသပ်ခဲ့ သည်။ ထို့ပြင် ၎င်းက ရာဇ၀တ်သားတစ်ဦးကဲ့သို့ ဆက်ဆံသည်ဟူသော ဒီယေဂိုကော် စတာ၏မှတ်ချက်စကားကိုမူ အလွန်ရယ်စရာကောင်းသည့်စကားဟုသာ လှောင်ပြောင်သရော်ပြီး ပြောဆိုခဲ့သည်။

August 19, 2017














Copy Protected by Chetan's WP-Copyprotect.